ရာသက်ပန် ပရဟိတ၀ါသနာရှင်များအသင်း
မင်္ဂလာပါ ရာသက်ပန်ပရဟိတ၀ါသနာရှင်များအသင်းမှ လှိုက်လှဲစွာကြိုဆိုပါတယ်၊ အသင်းဝင်ဖြစ်ပါက log in အားနှိပ်၍ ၀င်ရောက်ပါ၊ အသင်းဝင်အဖြစ်မှတ်ပုံတင်လိုလျှင် Register အားနှိပ်ပါ။

Join the forum, it's quick and easy

ရာသက်ပန် ပရဟိတ၀ါသနာရှင်များအသင်း
မင်္ဂလာပါ ရာသက်ပန်ပရဟိတ၀ါသနာရှင်များအသင်းမှ လှိုက်လှဲစွာကြိုဆိုပါတယ်၊ အသင်းဝင်ဖြစ်ပါက log in အားနှိပ်၍ ၀င်ရောက်ပါ၊ အသင်းဝင်အဖြစ်မှတ်ပုံတင်လိုလျှင် Register အားနှိပ်ပါ။
ရာသက်ပန် ပရဟိတ၀ါသနာရှင်များအသင်း
Would you like to react to this message? Create an account in a few clicks or log in to continue.
Search
 
 

Display results as :
 


Rechercher Advanced Search

Affiliates

free forum

Forumotion on Facebook Forumotion on Twitter Forumotion on YouTube Forumotion on Google+

April 2024
MonTueWedThuFriSatSun
1234567
891011121314
15161718192021
22232425262728
2930     

Calendar Calendar


ဟာသ အတိုအထွာလေးများ

Go down

ဟာသ အတိုအထွာလေးများ Empty ဟာသ အတိုအထွာလေးများ

Post by yarthetpan Sat Aug 16, 2014 8:03 am

ဆေးကျောင်းတခုတွင် ဖြစ်သည်..
ဆရာပေါက် ၂ ယောက် က ကျောင်း သား ကျောင်း သူ များ အား စာမေး ပွဲ စစ်နေသည်..
ဆရာပေါက်စ ၂ ယောက် က ခွက် ပုံး ကစ် ရင်း စစ် နေ ကြခြင်းဖြစ် သည်...
စစ် တဲ့ ပုံ စံ က တော့... ကြွတ်ကြွတ် အိပ်လေး တခု စီထဲ မှာ. လူ့ ကိုယ် တွင်း မှာ ရှိတဲ့.. အင်္ဂါ အစိတ် အပိုင်း တ ခု စီထည့် ထား သည်... ပြီး တော့.
ကျောင်း သား၊ ကျောင်း သူများက မိ မိ စိတ် ကြိုက် အိပ်ကို ရွေး ချယ် ကြီး..
ထို အစိတ်အပိုင်း သည် ဘာ ဖြစ် တယ်.. ဘယ် လို အလုပ် လုပ် တယ် ဆို တာ ကို ဖြေ ဆို ရမှာ ဖြစ် ပါတယ်..
အဲ ဒီလိုနဲ့..
ကျောင်း သား ကျောင်း သူ တွေ ဖြေဆို သွား လိုက် ကြတာ..
ကျေားင်းသူလေး တ ယောက် အလှည့် ကြတော့....
ကျွတ်ကျွတ် အိပ်ကို စမ်း ကြည့်ပြီး...
မျက်လုံး.. ပြူး မျက်စံ ပြူး နဲ့..
"ဟင် .. ဟင်.. ဒါ....ဒါ ... ဒါ .. ၀က် အူချောင်း...၀က် အူ ချောင်း" ..
လို့ ပြော ပါတယ်..
အဲဒီမှာ ဆရာ ၂ ယောက် က...
"သမီး ဒါ စာမေး ပွဲစစ် တာ လေ...သေချာစဉ်းစား သမီး... "
"သမီး မှာ chance ရှိ တယ် စဉ်းစား လို့ ရသေးတယ် "... လို့ ပြောပါတယ်..
အဲဒီမှာ.. ကျောင်းသူ လေး က...
"မ.. မဟုတ်ဘူး.. ဒါ ၀က်အူချောင်း မှ ၀က် အူချောင်း အစစ်.." လို့.. ပြောပါတယ်.
ထို အခါ ဆရာကလည်း.
"မဟုတ်သေးဘူးလေ သမီး... ဒါလူ့ ကိုယ် အင်္ဂါ အစိတ် အပိုင်း တွေ.. လေ"
"ဘယ်လို လုပ် ၀က် အူချောင်း ပါမှာလည်း... သေသေ ချာချာစဉ်းစား သမီး"
"ပြီးတော့ သမီးက ဆရာဝန်လုပ်မှာလေ.. မရှက် ရဘူး..." လို့ ပြော သတဲ့..
ကျောင်း သူလေး က လည်း..
"မဟုတ်ဘူး သမီး သိ တယ် ဒါ ၀က် အူချောင်း မှ ၀က် အူချောင်း အစစ်.."
ထိုအခါ ဆရာ ၂ ယောက် မှာ မနေသာတော့ပဲ.
"ကဲ ဒါဆို ဖွင့် ကြည့် ကြရအောင်" ဆို ပြီး ဖွင့် ကြည့်လိုက် တဲ့ အခါ...
တ ကယ် ပဲ.. ၀က် အူ ချောင်း ကြီး ထွက်လာ သတဲ့.....
ထို အခါ ဆရာ တစ် ယောက် ပြောလိုက် ပုံ က..
"ဟာ .. ခွီး တဲ့ မှ ပဲ... ငါ တို့.. ၀က် အူ ချောင်း နဲ့ မှား မြည်း မိပြီ"...တဲ့...


မိဘ နှစ်ပါးက သမီးငယ်အား မြို့ကြီး သို့ သွားပြီး အလုပ်လုပ်ရန် ခွင့်ပြုလိုက်၏။ သမီးငယ် ထွက်မသွားခင် မှာ မိခင်ကြိးက

သမီး အခန်းထဲကို သမီး ချစ်သူ ခေါ်မလာပါ ဘူး ....ဆိုတဲ့ ကတိတစ်ခုတော့ ပေးစေချင်တယ် သမီး ရယ် ဟု ပြော ပြီး ။ အေး.......သမီး အခန်းထဲ သမီးချစ်သူလာ တယ် ဆိုတဲ့ သတင်း သာ မေမေ ကြားရရင် မေမေ ရင် ကျိုးမှာ အမှန်ပဲကွဲ့ ဟုလည်း စိုးရိမ် ပူပင်စိတ်ကို လှစ်ပြလိုက်ပါသေး သည်။


သမီး ငယ်ထွက်သွားပြီး တပတ် လောက် အကြာမှာ သားအမိ ဖုန်းပြောဖြစ်သည်။

သမီး ချစ်သူကို သမီး အခန်းထဲ ခေါ်မလာပါဘူးနော်၊ ဟုတ်တယ်မလား သမီးလေ.....

အို.............ခေါ်မလာပါဘူး မေမေရဲ့၊ မေမေ အတန်တန် မှာထားတဲ့ကိစ္စ ပဲ၊ သမီး သူ့ အခန်းကို ပဲ သွားပါတယ်၊ သူ့ အမေ ရင်ကျိုး ပါစေနော် အမေရယ်.



မွန်ဘိုင်းမြို့မှာ နေတဲ့ အသက်အရွယ်ခပ်ကြီးကြီး အဖိုးအိုတစ်ယောက်က နယူးယောခ့်မှာ ရှိနေတဲ့ သူ့သားဆီဖုန်းဆက်တယ်..



“သားရေ မင်းကို အဖေ အနှောက်အယှက်ပေးရတာ စိတ်တော့မကောင်းပါဘူးကွာ… ဒါပေမဲ့ မပြောမဖြစ်လို့ပြောရတော့မယ်.. အဖေ မင်းအမေနဲ့ ကွာရှင်းတော့မလို့   မင်းအမေရဲ့ ဒုက္ခတွေကို ၃၅ နှစ်လုံးလုံး အဖေ ခံလာရပြီးပြီ… အဖေ ထပ်ပြီး သီးမခံနိုင်တော့ဘူး..တော်လောက်ပြီ.. “



“အဖေ… ဘာတွေပြောနေတာလဲ “  သားဖြစ်သူက ဖုန်းထဲကနေ အဖေဖြစ်တဲ့သူကို အော်ပြောလိုက်ပါတယ်..



အဖေက ပြန်ပြောပါတယ်        “ငါတို့ တစ်ယောက်ကို တစ်ယောက် ကြည့်ကို မကြည့်ချင်ကြတော့ဘူး…ရေရှည် အတူတူဆက်နေဖို့လဲ မဖြစ်နိုင်တော့ဘူး.. .. တော်ပြီ..ဒီအကြောင်းအဖေ ထပ်မပြောချင်တော့ဘူး… ဟောင်ကောင်က မင်းအစ်မကို မင်းဘဲ ဖုန်းခေါ်ပြီး အကျိုးအကြောင်းပြောပြလိုက်တော့… အဖေတော့ ဘာမှ မပြောချင်တော့ဘူး”



ကသုတ်ကရက်နဲ့ ချက်ခြင်းဘဲ သားဖြစ်သူက ဟောင်ကောင်က အစ်မဆီကို ဖုန်းခေါ်ပါတယ်.. ပြီးတော့ ဖုန်းထဲကနေ ဒေါသတကြီးနဲ့ အစ်မလုပ်သူကို အဖေ ပြောသွားတဲ့  စကားတွေကို ပြန်ပြောပြနေတယ်.. အစ်မဖြစ်သူက ပြန်ပြောတယ်..



“မပူနဲ့ ငါကြည့်လုပ်လိုက်မယ် ” တဲ့..



ချက်ခြင်းဘဲ အဖေအမေရှိတဲ့ မွန်ဘိုင်းကို ဖုန်းခေါ်ပါတယ်.. ဖုန်းထဲကနေ အဖေလုပ်သူကို အော်ပြောပါတယ်..



“အဖေ ကွာရှင်းဖို့ကိစ္စ လုံးဝ မလုပ်နဲ့ဦး .. သမီးမလာမချင်း အဲဒီကိစ္စနဲ့ပါတ်သက်ပြီး ဘာကိုမှ မဆုံးဖြတ်ကြနဲ့ဦး.. ဘာမှလဲ မလုပ်နဲ့ဦး .. မောင်လေးကို သမီးဖုန်းပြန်ခေါ်ဦးမယ်.. မနက်ဖြန် သမီးတို့ ၂ယောက်စလုံး အဲဒီကို ရောက်အောင်လာခဲ့မယ်.. သမီးတို့မရောက်ခင် ဘာမှမလုပ်နဲ့ .. အဖေ.. ကြားရဲ့လား.. “



ပြောပြီးဖုန်းချသွားပါတယ်..  ပြီးတော့ သူ့မောင်ရှိရာ နယူးယောခ့်ကို ဖုန်းထပ်ခေါ်ပြီး  မနက်ဖန် ရရာလေယာဉ်နဲ့ အိမ်ကို ထွက်လာခဲ့ဖို့ လှမ်းပြောပါတယ်…



အဖိုးကြီးက ဖုန်းကို ချလိုက်ပြီး မိန်းမဖြစ်သူ အဖွားကြီးကို  ပြုံးပြီးပြောလိုက်တယ်..



“ အိုကေ .. အဆင်ပြေသွားပြီ… မနက်ဖန် New Year Party ကို သူတို့ ၂ယောက်လုံး လေယာဉ်နဲ့ ရောက်အောင် လာကြလိမ့်မယ်.. ဒါဆိုရင် နှစ်သစ်ကူးမှာ မိသားစု အားလုံး စုံစုံညီညီ ဖြစ်သွားပြီပေါ့ကွာ….ရိုးရိုး တန်းတန်းခေါ်ရင် အလုပ်အကြောင်းပြပြီး လာကြမှာ မဟုတ်ဘူး.. ခုလို နည်းနဲ့ခေါ်လိုက်တော့ သူတို့ မလာဘဲ မနေတော့ဘူးလေ..”

အသက်ရှည်ရာ အနာမဲ့ကြောင်း - တွဲဖက်မစားသင့်သောအစာများ






၁။ ငရုတ်သီးနှင့်  တရုတ်ကြီး
၂။ သကြားခဲနှင့်  ရထားတွဲ
၃။ ခွေးရိုးနှင့်  သေးအိုး
၎။ ခြင်းတောင်းနှင့်  ထင်းချောင်း
၅။ လက်ဖက်နှင့်  တဘတ်
၆။ ထန်းရွက်လိတ်နှင့်  ပုရွက်ဆိတ်
၇။ ၀က်မြီးနှင့် လက်နှီး
၈။ ညောင်သီးနှင့် ကြောင်ချီး
၉။ ဗလာစာအုပ်နှင့်  ဌာပနာထုတ်
၁၀။ ကျွဲချိုနှင့် ရဲယို
၁၁။ သလဲသီးနှင့်  ငရဲမီး
၁၂။ ဒေါက်ချွန်နှင့် မျောက်ဝံသား
၁၃။ ဓါတ်မီးနှင့်  လက်သီး
၁၄။ ပလာတာနှင့်  ပလာယာ
၁၅။ သကြားသီးနှင့်  ကုလားကြီး
၁၆။ ကြံချောင်းနှင့် သံချောင်း
၁၇။ ခေါင်းလောင်းနှင့်  ခေါင်းပေါင်း
၁၈။ ဖိနပ်စုတ်နှင့်  လက်ဖက်ပုပ်
၁၉။ ဇီးယိုနှင့် မီးဖို
၂၀။ ဆော့ ပင်နှင့် ဆော့ ချဉ်
၂၁။ ၀က်သားနှင့် ဓာတ်ပြား
၂၂။ ပဲပြုတ်နှင့် တဲပုတ်
၂၃။ ကြက်သားနှင့် ငှက်ဖျား
၂၄။ ဖက်လုံးနှင့် ဓါတ်လုံး
၂၅။ ခေါင်းအုံးနှင့် စလောင်းဖုံး
၂၆။ နာနတ်ယိုနှင့် ဖိနပ်တို
၂၇။ တောင်းစုတ်နှင့် မြောင်းပုပ်
၂၈။ ခြင်ထောင်နှင့် ယင်ကောင်
၂၉။ ဖက်ထုပ်နှင့် ကြွက်စုတ်
၃၀။ ၀က်အူသုတ်နှင့် စက္ကူစုတ်

အားလုံးလိုက်နာရမယ်နော် .......
သားမက်တို့ အချိုး

ကောလိပ်ကျောင်းသူတစ်ဦးက သူ့ချစ်သူအား မှာနေ၏။
ကနေ့ညကတော့ မောင်လာလို့ မဖြစ်ဘူးနော်၊ ဖေဖေ သိပ်စိတ်ဆိုးနေတယ်သိလား။ မနေ့ညက သူ့ကား ယူပြီး မ တို့ လျှောက်မောင်းကြတာကို သိသွားတယ်လေ။

ဟာ........ ဘယ်လိုလုပ်သိသွားတာလဲ၊ ဒုက္ခပါပဲကွာ.....

ဟောတော့... မောင်မေ့သွားပြီလား၊ မတို့ ဖေဖေ့ ကို ၀င်တိုက်မိကြတယ် လေ။

အတ္တပရ

မောင်မောင် က သူငယ်ချင်း ဇော်ဇော် ထံ လာပြီး....
သူငယ်ချင်း.........ကိုယ်တော့ အကြီးအကျယ် ကို ကျဉ်းထဲ ကျပ်ထဲ ရောက်နေရပြီကွ

ဘာဖြစ်လို့လဲ


အမေရှာပေးတဲ့ ကျိကျိတတ် ချမ်းသာတဲ့ မုဆိုးမ ရွက်ကြမ်းရေကျိုကိုပဲ ယူရမလား ၊ ဒါမှမဟုတ် ငါ့ကို နှစ်နှစ် ကာကာ ချစ်တဲ့ စားပွဲထိုးမလေး ကို ပဲ ယူရမလား၊ မစဉ်းစားတတ် တော့ ဘူးကွာ.....

လွယ်ပါတယ် သူငယ်ချင်း။ အချစ်ထက် ပို အရေး ကြီးတာ ဘာမှ မရှိဘူး။ ဒီတော့ မင်းမှာ လုပ်စရာ နှစ်ခုပဲ ရှိတယ်

အေးကွာ..... ပြောစမ်းပါဦး

တစ်ခုက ကနေ့ ညပဲ မင့် စားပွဲထိုးမလေးကို သွားခိုးပေတော့၊ အဲ... နောက်တစ်ခုကတော့ ခုနက မင်းပြောလိုက်တဲ့ ကျိကျိတက် ချမ်းသာတဲ့ မုဆိုးမ လိပ်စာ ငါ့ကိုပေးခဲ့။ ဒါပါပဲ သူငယ်ချင်း။


ခနလေးစောင့်

သန်းခေါင်မတိုင်ခင် ကင်းလှည့်နေသော ရဲတစ်ယောက် က ချစ်သူလမ်းသွယ် ထဲမှာ ရပ်ထားသော ကားတစ်စီးကို တွေ့လိုက်၏။ သံသယ ၀င်မိသဖြင့် သူ့ကားနားကပ်သွား ပြီး ကားတွင်းသို့ ဓါတ်မီး ဖြင့် ထိုးကြည့်လိုက်ရာ ကားနောက်ခန်းထဲမှာ ထိုင်လျက် ဇာထိုးနေသည့် မိန်းမပျိုလေး တစ်ယောက်ကို တွေ့လိုက်သည်။

ဒရိုင်ဘာ နေရာမှာတော့ ယောင်္ကျာံးလေး တစ်ယောက် က စာအုပ်တစ်အုပ် ကို ဖတ်နေ၏

ရဲက သူ့အား။။။

မင်းအသက်ဘယ်လောက်ရှိပြီလဲ၊ မင်းဘာလုပ်နေတာလဲ.....

ကျွန်တော့ အသက် ၁၈ နှစ်၊ ကျွန်တော် စာဖတ်နေတာပါ....

ရဲက မိန်းမပျိုလေးဘက် လက်ညှိုးထိုး ပြီး.....

သူကရော ဘာလုပ်နေတာလဲ..

ဇာထိုးနေတယ်လေ.

သူ့ အသက်ကရော ဘယ်လောက်ရှိပြီလဲ ကွ...

သည်တော့ ယောင်္ကျာံးလေူက လက်ပတ်နာရီကို ငုံ့ကြည့်လိုက်ပြီး.....

အင်း..... နောက် ၁၂ မိနစ်ဆိုရင် ၁၈ နှစ် ပြည့်သွားပြီ ပေါ့ဗျာ ဟု ပြုံးစိစိ ဖြေလိုက်၏...

ခုတ်ရာတခြား ရှရာတခြား

သူဌေး - ငါ့သားနဲ့ မင်း စေ့စပ် ပြီး ပြီလို့ သိရတယ်

ဖုန်းအော်ပရေတာမလေး- ဟုတ်ပါတယ်ဦး

သူဌေး- မင်း ဘာဖြစ်လို့ ငါ့ဆီ အရင် မလာသလဲ


ဖုန်းအော်ပရေတာမလေး- အင်း... ဘယ်လိုပြောမလဲ၊လာတော့ လာဦးမလို့ပဲ၊ ဦးသားကို

ပိုသဘောကျနေလို့ ဦးရဲ့ ဟင့်....ဟင့်


မစစ်ရဘဲ ပေါ်

လူငယ် - ဦးသမီးနဲ့ ကျွန်တော် ချစ်သူတွေဖြစ်နေကြပါပြီ၊ ကျွန်တော် သူ့ကို လက်ထပ်ချင်ပါတယ်။

ဖခင် - မင်းအရက်သောက်တတ်လား

လူငယ် - ဟာ....... ဦး၊ အရေးကြီးတဲ့ကိစ္စ အရင်ပြောပါဦး၊ ပြီးမှ သောက်ကြတာပေါ့


ဘာကွ


ကောင်လေး - ကျွန်တော် ဦးသမီးကို လက်ထပ်ချင်ပါတယ်

မိန်းကလေးဖခင် - မင်း၊ ငါ့မိန်းမ နဲ့ တွေ့ပြီး ပြီလား

ကောင်လေး - ဟုတ်ကဲ့၊ တွေ့ပြီး ပါပြီ။ ဒါပေမယ့် ဦးသမီးကိုပဲ ကျွန်တော် ပိုကြိုက်ပါတယ်။


yarthetpan
yarthetpan
Admin

Posts : 40
Join date : 2014-08-12
Age : 34

Character sheet
ပျော်ရွှင်ချမ်းမြေ့ပါစေ:
ဟာသ အတိုအထွာလေးများ Left_bar_bleue0/0ဟာသ အတိုအထွာလေးများ Empty_bar_bleue  (0/0)

http://www.yarthetpan.forumotion.com

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum