ကြိုးမိန့်
ရာသက်ပန် ပရဟိတ၀ါသနာရှင်များအသင်း :: Your first category :: ကဗျာချစ်သူများအတွက် ကဗျာကဏ္ဍ :: လွမ်းတတ်သူများအတွက် အလွမ်းကဗျာများ
Page 1 of 1
ကြိုးမိန့်
ပန်းတွေကြွေရင်
မြေကျသတဲ့
ကြယ်တွေကြွေရင်
ဘယ်ကို ခမှာလဲ
မင်းခြေခဲ့တဲ့ ငါ့နှလုံးသားတော့
တစ်စစီ ကြေမွလို့ သွားခဲ့ပြီ
ချင့်ချိန်နိုင်စွမ်း ရှိတဲ့
ဦးနှောက်တောင်
မင်းအပြုံးတွေ လာလာစစ်ခင်းတိုင်း
အသိတရားတွေ တရိရိခြစားလို့
ဆင်ခြင်တုံတရားတွေ
တဖြည်းဖြည်းနဲ့ ပါးလျလာပြီ
မာယာအပြည့်နဲ့ မင်းရဲ့ဗျုဟာတွေအောက်မှာ
ငါ့ရင်ခုန်သံတွေ နစ်မြောလို့
မုသားစွက်တဲ့ မင်းရဲ့စကားလုံးတွေအောက်မှာ
ငါ့အချစ်တွေ စီးဝင်လို့
အဆိပ်ခပ်ထားတဲ့ ရယ်သံချိုချိုတွေအောက်မှာ
ငါ့မာနတွေ အရည်ပျော်လို့
ဟန်ဆောင် အကြင်နာတွေအောက်မှာ
ငါ့ယုံကြည်ခြင်းတွေ ပုံအပ်လို့
ပိုက်ကွန်လို မင်းရဲ့အကြည့်နက်နက်မှာ
မက်မောစွာ ငါငြိတွယ်လို့
အချစ်ဆိုတာ စီးချင်းတိုက်ပွဲ
ဖြစ်ခဲ့မယ်ဆိုရင်
မင်းဟာ
ထူးချွန်ပြောင်မြောက်တဲ့
စစ်သည်တော်၁ဦးပါ
ငါကတော့ စစ်မထွက်ခင်ထဲက
အလဲလဲ အကွဲကွဲ
ရှုံးနိမ့်ပြီးသား
အခုဆိုကြည့်
ငါ့နှလုံးသားက ယစ်ပုလင် ထက်မှာ
မိန့်မိန့်ကြီး ပြုံးလို့
တစ်ချိန်ချိန် ကြိုးမိန့်ပေးမှာ သိရက်နဲ့
ရူးရူးမိုက်မိုက် ကျေနပ်လို့ ... ... ...
မြေကျသတဲ့
ကြယ်တွေကြွေရင်
ဘယ်ကို ခမှာလဲ
မင်းခြေခဲ့တဲ့ ငါ့နှလုံးသားတော့
တစ်စစီ ကြေမွလို့ သွားခဲ့ပြီ
ချင့်ချိန်နိုင်စွမ်း ရှိတဲ့
ဦးနှောက်တောင်
မင်းအပြုံးတွေ လာလာစစ်ခင်းတိုင်း
အသိတရားတွေ တရိရိခြစားလို့
ဆင်ခြင်တုံတရားတွေ
တဖြည်းဖြည်းနဲ့ ပါးလျလာပြီ
မာယာအပြည့်နဲ့ မင်းရဲ့ဗျုဟာတွေအောက်မှာ
ငါ့ရင်ခုန်သံတွေ နစ်မြောလို့
မုသားစွက်တဲ့ မင်းရဲ့စကားလုံးတွေအောက်မှာ
ငါ့အချစ်တွေ စီးဝင်လို့
အဆိပ်ခပ်ထားတဲ့ ရယ်သံချိုချိုတွေအောက်မှာ
ငါ့မာနတွေ အရည်ပျော်လို့
ဟန်ဆောင် အကြင်နာတွေအောက်မှာ
ငါ့ယုံကြည်ခြင်းတွေ ပုံအပ်လို့
ပိုက်ကွန်လို မင်းရဲ့အကြည့်နက်နက်မှာ
မက်မောစွာ ငါငြိတွယ်လို့
အချစ်ဆိုတာ စီးချင်းတိုက်ပွဲ
ဖြစ်ခဲ့မယ်ဆိုရင်
မင်းဟာ
ထူးချွန်ပြောင်မြောက်တဲ့
စစ်သည်တော်၁ဦးပါ
ငါကတော့ စစ်မထွက်ခင်ထဲက
အလဲလဲ အကွဲကွဲ
ရှုံးနိမ့်ပြီးသား
အခုဆိုကြည့်
ငါ့နှလုံးသားက ယစ်ပုလင် ထက်မှာ
မိန့်မိန့်ကြီး ပြုံးလို့
တစ်ချိန်ချိန် ကြိုးမိန့်ပေးမှာ သိရက်နဲ့
ရူးရူးမိုက်မိုက် ကျေနပ်လို့ ... ... ...
ရာသက်ပန် ပရဟိတ၀ါသနာရှင်များအသင်း :: Your first category :: ကဗျာချစ်သူများအတွက် ကဗျာကဏ္ဍ :: လွမ်းတတ်သူများအတွက် အလွမ်းကဗျာများ
Page 1 of 1
Permissions in this forum:
You cannot reply to topics in this forum
Tue Sep 23, 2014 2:57 pm by သီဟစိုး
» ဖြေကြည့်ပေးပါလား........??????????
Tue Sep 23, 2014 1:52 pm by suesha
» မျက်စိအတွက်လေ့ကျင့်ခန်း
Sun Sep 14, 2014 8:55 pm by yarthetpan
» တရားတော်ဆိုင်ရာ ၀က်ဆိုဒ်များ
Sun Sep 14, 2014 8:51 pm by yarthetpan
» မျက်စိ ကျန်းမာရေးအတွက် ပြုလုပ်သင့်သည့် အချက် ၉ ချက်
Fri Sep 12, 2014 2:43 pm by soehtetkyaw
» Android ဖုန်းတွေက Password , Pattern Lock, တွေမေ့သွားရင် ဖြေရှင်းပေးနိုင်တဲ့ နည်း
Thu Sep 11, 2014 8:58 pm by aung nann winn
» ဝမ်းဗိုက်အဆီ လျော့ကျစေမည့်နည်း ၉ သွယ်
Thu Sep 11, 2014 6:38 pm by aung nann winn
» Viber ကို PC မှာ မြန်မာလိုကောင်းမွန်စွာအသုံးပြုနိုင်ပါပြီ။
Thu Sep 11, 2014 5:16 pm by aung nann winn
» ဖုန်းတွေကိုမြန်မာဖောင့်ထည့်နည်း
Thu Sep 11, 2014 4:27 pm by aung nann winn