ရာသက်ပန် ပရဟိတ၀ါသနာရှင်များအသင်း
မင်္ဂလာပါ ရာသက်ပန်ပရဟိတ၀ါသနာရှင်များအသင်းမှ လှိုက်လှဲစွာကြိုဆိုပါတယ်၊ အသင်းဝင်ဖြစ်ပါက log in အားနှိပ်၍ ၀င်ရောက်ပါ၊ အသင်းဝင်အဖြစ်မှတ်ပုံတင်လိုလျှင် Register အားနှိပ်ပါ။

Join the forum, it's quick and easy

ရာသက်ပန် ပရဟိတ၀ါသနာရှင်များအသင်း
မင်္ဂလာပါ ရာသက်ပန်ပရဟိတ၀ါသနာရှင်များအသင်းမှ လှိုက်လှဲစွာကြိုဆိုပါတယ်၊ အသင်းဝင်ဖြစ်ပါက log in အားနှိပ်၍ ၀င်ရောက်ပါ၊ အသင်းဝင်အဖြစ်မှတ်ပုံတင်လိုလျှင် Register အားနှိပ်ပါ။
ရာသက်ပန် ပရဟိတ၀ါသနာရှင်များအသင်း
Would you like to react to this message? Create an account in a few clicks or log in to continue.
Search
 
 

Display results as :
 


Rechercher Advanced Search

Affiliates

free forum

Forumotion on Facebook Forumotion on Twitter Forumotion on YouTube Forumotion on Google+

March 2024
MonTueWedThuFriSatSun
    123
45678910
11121314151617
18192021222324
25262728293031

Calendar Calendar


ယုံပါ.....ချစ်သူ

Go down

ယုံပါ.....ချစ်သူ Empty ယုံပါ.....ချစ်သူ

Post by yarthetpan Sat Aug 23, 2014 9:35 pm

ချစ်လေးရယ်...
ပိုက်ထွေးယုယ
ခုဘ၀ရဲ့ မှတ်ကျောက်
အသက်လောက်လဲချစ်
ရင်နင့် ခံစား
မင်း..သိသွားဘို့ လိုတယ်.။
ခင်လာတဲ့ ရက်
လက်တွက်ရည်ချိုး
စိုးမိုးတာရှည်
ဝေဒနာတွေများ
နှလုံးသားစေကျွန်
ဒီနွံလဲ..နစ်သထက်နစ်လာပြီကွယ်..။
သစ္စာသမား
ချစ်တာများသွားလို့ 
(သူ)ပစ်ခွါသွားရင်တော့
ဖြေလျော့မနေသာ
ရင်နှစ်မွှာကွဲ
ဒီဘ၀ထဲလဲမနေချင်တော့ဘူးလေ..။
ဆုံးတစ်သက်တာ
ရုန်းထွက်လာတဲ့ သံယောဇဉ်
ဖြူစင်ကင်းပ
နှလုံးလှလှရဲ့ သခင်
မင်း..မကြင်ရင်ဖြင့် 
ဘယ်မြစ်..ဘယ်ကမ်း
(ကိုယ်)မျောရမှန်း
စမ်းတ၀ါးဝါးရှိနေမှာပါ..နော်..။
စိတ်လှုပ်ရှားစဉ်
ခင်နှမ.အပြုံး
အလှဆုံးဒီကမ္ဘာ
ရင်မှာနူးညံ့ 
သက်တန့် လဲမမှီ
ပီပြင်တဲ့ ...မင်း..ကျက်သရေ
အမြဲလေ..ကိုယ်ပိုင်ပါရစေကွယ်..။
မခွဲမခွါ..
အသဲမှာမှတ်တမ်း
ဘ၀လမ်းရဲ့ လမင်း
အလင်း..လည်းပေးပါ..။
ယုံကြည်ပါကွယ်..
တကယ်မြတ်နိုး
အိပ်မက်ဆိုးလဲမရှိချင်
လှမ်းဆင်တဲ့ ပန်း
အမြဲလန်းတင့် တယ်
ရင်ဝယ်အေးချမ်း
တော်ဝင်နန်းက
မင်းသမီးလေးရယ်...
ကို..သိပ်ချစ်တယ်နော်..။ ။
yarthetpan
yarthetpan
Admin

Posts : 40
Join date : 2014-08-12
Age : 34

Character sheet
ပျော်ရွှင်ချမ်းမြေ့ပါစေ:
ယုံပါ.....ချစ်သူ Left_bar_bleue0/0ယုံပါ.....ချစ်သူ Empty_bar_bleue  (0/0)

http://www.yarthetpan.forumotion.com

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum