ရာသက်ပန် ပရဟိတ၀ါသနာရှင်များအသင်း
မင်္ဂလာပါ ရာသက်ပန်ပရဟိတ၀ါသနာရှင်များအသင်းမှ လှိုက်လှဲစွာကြိုဆိုပါတယ်၊ အသင်းဝင်ဖြစ်ပါက log in အားနှိပ်၍ ၀င်ရောက်ပါ၊ အသင်းဝင်အဖြစ်မှတ်ပုံတင်လိုလျှင် Register အားနှိပ်ပါ။

Join the forum, it's quick and easy

ရာသက်ပန် ပရဟိတ၀ါသနာရှင်များအသင်း
မင်္ဂလာပါ ရာသက်ပန်ပရဟိတ၀ါသနာရှင်များအသင်းမှ လှိုက်လှဲစွာကြိုဆိုပါတယ်၊ အသင်းဝင်ဖြစ်ပါက log in အားနှိပ်၍ ၀င်ရောက်ပါ၊ အသင်းဝင်အဖြစ်မှတ်ပုံတင်လိုလျှင် Register အားနှိပ်ပါ။
ရာသက်ပန် ပရဟိတ၀ါသနာရှင်များအသင်း
Would you like to react to this message? Create an account in a few clicks or log in to continue.
Search
 
 

Display results as :
 


Rechercher Advanced Search

Affiliates

free forum

Forumotion on Facebook Forumotion on Twitter Forumotion on YouTube Forumotion on Google+

March 2024
MonTueWedThuFriSatSun
    123
45678910
11121314151617
18192021222324
25262728293031

Calendar Calendar


မျက်စိအတွက်လေ့ကျင့်ခန်း

Go down

မျက်စိအတွက်လေ့ကျင့်ခန်း Empty မျက်စိအတွက်လေ့ကျင့်ခန်း

Post by yarthetpan Sun Sep 14, 2014 8:55 pm

Computer အကြည့်များတဲ့သူတွေအသုံးဝင်မှာပါ

ခပ်သွက်သွက်ပြေးတာပဲဖြစ်ဖြစ်၊ ရေကူးတာပဲဖြစ်ဖြစ် လေ့ကျင့်ခန်းတစ်ခုခုကို နေ့စဉ်ပြုလုပ်ပြီး ခန္ဓာကိုယ်ကို ကြံ့ခိုင်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့က
အရေးပါတဲ့ ကိစ္စတစ်ရပ်ဖြစ်တယ်ဆိုတာကို လူတိုင်းနီးပါး
သိထားတဲ့ကိစ္စတစ်ခုပါ။ ဒါပေမယ့် သင့်မျက်လုံးကိုလည်း လေ့ကျင့်ခန်းလုပ်ပေးလို့ ရတယ်ဆိုတာကိုသိထားပါသလား။ မျက်လုံး လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့် မျက်လုံးကျန်းမာရေးကို ကောင်းမွန်စေသလို
မျက်စိညောင်းညာခြင်းကိုလည်း လျော့ပါးစေပါတယ်။ ဒါကြောင့် မျက်လုံးလေ့ကျင့်ခန်းလေးတွေကို လုပ်ပြီး
မျက်စိကို ကောင်းမွန်အောင် ထားနိုင်ကြဖို့ အောက်မှာ လွယ်ကူရိုးရှင်းတဲ့ မျက်လုံးလေ့ကျင့်ခန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ကုလားထိုင်မှာ သက်တောင့်သက်သာအနေအထားနဲ့ ထိုင်ပါ။ လက်ဖဝါးနှစ်ဖက်ကို ပူနွေးလာတဲ့အထိ ပွတ်ပါ။ ပူနွေးလာရင် မျက်လုံးနှစ်လုံးကို ညင်သာစွာမှိတ်ပြီး လက်ဖဝါးနဲ့ အုပ်ထားပါ။
မျက်စိကိုဖိပြီးအုပ်မထားပါနဲ့။ လက်ဖဝါးအခွက်ထဲနဲ့ မျက်စိကိုအုပ်၊ အလင်းရောင်မဝင်အောင် လက်ချောင်းလေးတွေကို မဟအောင်ထားပါ။ နှာတံနဲ့ လက်ဖဝါးကိုလည်း ထိနေအောင်ထားပါ။
မှောင်မည်းတဲ့ ပတ်ဝန်းကျင်လိုသဘောထားပြီး အမှောင်ထဲကို အာရုံစူးစိုက်လိုက်ပါ။အသက်ပြင်းပြင်းရှုသွင်းလိုက်ပါ။ ပျော်ရွှင်ဖွယ်အမှတ်တရလေးတွေကို စဉ်းစားနေပါ။ မှောင်မည်းတဲ့ဝန်းကျင်ကိုသာ မြင်ရပြီဆိုရင် လက်ဖဝါးကို အသာလေးဖယ်လိုက်ပါ။
ဒီလိုမျိုးလေ့ကျင့်ခန်းကို ၃ မိနစ်လောက် လုပ်ပေးပါ။

၂။ မျက်စိကို တင်းတင်းလေးမှိတ်လိုက်ပါ။ ၅ စက္ကန့်လောက်ကြာရင် ပြန်ဖွင့်ပါ။ ၅ စက္ကန့်လောက် ကြာရင်
တင်းတင်းလေးပြန်မှိတ်ပါ။ ဒီလိုမျိုးလေး ၇ ကြိမ်၊ ၈ ကြိမ်လောက် လုပ်ပေးပါ။

၃။ မျက်လုံးလေးမှိတ်ပြီး လက်ချောင်းလေးတွေနဲ့ စက်ဝိုင်းပုံသဏ္ဍာန်လှုပ်ရှားမှုနဲ့ နှိပ်ပေးပါ။ တအားဖိပြီး
မနှိပ်ပါနဲ့။ အားဖျော့ဖျော့လေးနဲ့နှိပ်ပါ။

၎။ လက်ချောင်းသုံးချောင်းနဲ့ အပေါ်မျက်ခွံကို ဖိပေးပါ။ ၂ စက္ကန့်လောက် ဖိပြီး လျော့ချလိုက်ပါ။ ၅ ကြိမ်ခန့် လုပ်ပေးပါ။

၅။ သက်တောင့်သက်သာအနေအထားနဲ့ထိုင်ပါ။ မျက်လုံးကို နာရီလက်တံအတိုင်း လှည့်ပါ။
မျက်တောင်ခတ်ပါ။ နောက် နာရီလက်တံပြောင်းပြန်လှည့်ပါ။ ငါးကြိမ်လောက်လုပ်ပေးပါ။

၆။ မှန်ပြတင်းပေါက်နဲ့ ၆ လက်မလောက်အကွာမှာထိုင်ပါ။ မျက်စိအနေအထားနဲ့ အနေအတော်လောက်မှာ ထင်သာမယ့်အရောင်တခုနဲ့ အမှတ်လေးချစ်လိုက်ပါ။ အဲဒီအမှတ်လေးနေတဆင့် အဝေးတစ်နေရာကို ၁၅ စက္ကန့်လောက် စူးစိုက်ကြည့်လိုက်ပါ။ ပြီးရင် အမှတ်ကလေးကိုပဲ ၁၅ စက္ကန့်လောက် ပြန်ကြည့်ပေးပါ။
ဒါမှမဟုတ် ခဲတံတစ်ချောင်းကို လက်တစ်ကမ်းအကွာမှာ ကိုင်ပြီး စူးစိုက်ကြည့်ပါ။ နှာခေါင်းနားရောက်အောင် တဖြည်းဖြည်း ဆွဲယူလာပါ။
ပြီးရင် လက်တကမ်းအကွာကို တဖြည်းဖြည်း ပြန်ရွှေ့လိုက်ပါ။ ၁ဝ ကြိမ်လုပ်ပေးပါ။

၇။ နံရံတစ်ခုနဲ့ မျက်နှာချင်းဆိုင်ထိုင်ပါ။ ပြီးရင် ခေါင်းကိုမလှုပ်ပဲ မျက်လုံးနဲ့ နံရံပေါ်မှာ စာရေးပါ။ ပထမတော့ခက်ခဲတဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။
လေ့ကျင့်ရင်းနဲ့ ပျော်စရာလေးတစ်ခု ဖြစ်လာတာကို တွေ့ရမှာပါ။
စာလုံးကြီးကြီးရေးလေ ထိရောက်မှု ပိုရှိလေပါပဲ။

၈။ ရှေ့မှာ နာရီကြီးကြီးတစ်လုံးရှိနေတယ်လို့ မှတ်ယူထားပါ။ နာရီရဲ့ အလည်ဗဟိုတည့်တည့်ကို ကြည့်နေပါ။
နာရီမှတ်ကိုကြည့်ပါ။ ဗဟိုကိုပြန်လာပါ။ နောက်နာရီမှတ် တစ်ခုကို ထပ်ကြည့်ပါ။ ဗဟိုကိုပြန်ကြည့်ပါ။
နာရီလက်တံ ၁၂ ခုပြည့်အောင်လုပ်ပြိးသွားရင် လုံလောက်ပါပြီး။ ဒီလေ့ကျင့်ခန်းကို မျက်လုံးမှိတ်ပြီးတော့လည်း လုပ်လို့ရပါတယ်။

၉။ ပေ ၁၅ဝ အကွာအဝေးလောက်မှာရှိတဲ့ အရာဝတ္ထုတစ်ခုခုကို စက္ကန့်အနည်းငယ်လောက် စူးစိုက်ကြည့်ပါ။
တဖြည်းဖြည်းနဲ့ ပေ ၃ဝ အောက်ရှိတဲ့ အရာဝတ္ထုဆီကို အကြည့်ပြောင်းလိုက်ပါ။
စက္ကန့်အနည်းငယ်လောက်ကြာရင် အဝေးမှာရှိတဲ့ အရာဝတ္ထုဆီကိုပြန်ကြည့်လိုက်ပါ။ ငါးကြိမ်လောက်
လုပ်ပေးပါ။

၁ဝ။ ဝေးနိုင်သမျှ ဝေးတဲ့ နေရာမှာရှိတဲ့ အရာဝတ္ထုတစ်ခုကို ကြည့်ပါ။ နာရီဝက်အကြာမှာ တခါလောက် အဝေးကိုကြည့်ပေးပါ။ ဒီလိုမျိုးကြည့်ပေးခြင်းဟာမျက်လုံး အမြင်စွမ်းအားကို ထိန်းထားပေးနိုင်သလို၊ အမြင်အာရုံယိုယွင်းလာခြင်းကိုလည်း ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။

၁၁။ မျက်လုံးကို အပေါ်ကြည့် အောက်ကြည့် ကြည့်ပေးပါ။ ၈ ကြိမ်လောက်လုပ်ပြီး၊ ညာကြည့်၊ ဘယ်ကြည့်
ကြည့်ပေးပါ။ ၈ ကြိမ်လောက်လုပ်ပါ။ ကြည့်အခါမှာ မျက်လုံးကို ဖိပြီး မကြည့်ပါနဲ့။ ဖိပြီးကြည့်ရင် အမြင်အာရုံကို ပိုမိုဆိုးဝါးစေတာကြောင့် ဖွဖွလေးပဲမျက်လုံးကို ရွှေ့လျားပါ။
လေ့ကျင့်ခန်းတစ်ခုကို အချိန်ကြာကြာလုပ်တာထက်စာရင် မှန်မှန်လေးလုပ်ဖို့က ပိုအရေးကြီးပါတယ်။
ကွန်ပျူတာသုံးလို့ပဲဖြစ်ဖြစ် အလုပ်တစ်ခုကို အာရုံစိုက်ပြီးအချိန်အကြာကြီး အလုပ်လုပ်နေစဉ်မှာ မျက်လုံးကို ဟိုဟို၊ ဒီဒီရွှေ့လျားအလုပ်လုပ်စေပါ။ အလုပ်လုပ်နေစဉ် အတွင်းမှာလည်း အဝေးတနေရာကိုကြည့်ပြီး
မျက်လုံးညောင်းညာမှုကို ဖြေလျှော့ပါ။ လက်ဖဝါးနှစ်ဖက်ကိုပူအောင်ပွတ်ပြီး မျက်လုံးပေးမှာအုပ်ပေးထားတဲ့ နည်းကတော့ အကောင်းဆုံးပါပဲ။ ခဏခဏ မျက်တောင်ခတ်ပါ။ မျက်လုံး ညောင်းပြီးစပ်နေတဲ့အခါ အခြေအနေပေးရင် ရေအေးလေးနဲ့ မျက်လုံးကို ဆေးကြောပေးလိုက်ပါ။
yarthetpan
yarthetpan
Admin

Posts : 40
Join date : 2014-08-12
Age : 34

Character sheet
ပျော်ရွှင်ချမ်းမြေ့ပါစေ:
မျက်စိအတွက်လေ့ကျင့်ခန်း Left_bar_bleue0/0မျက်စိအတွက်လေ့ကျင့်ခန်း Empty_bar_bleue  (0/0)

http://www.yarthetpan.forumotion.com

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum