ရာသက်ပန် ပရဟိတ၀ါသနာရှင်များအသင်း
မင်္ဂလာပါ ရာသက်ပန်ပရဟိတ၀ါသနာရှင်များအသင်းမှ လှိုက်လှဲစွာကြိုဆိုပါတယ်၊ အသင်းဝင်ဖြစ်ပါက log in အားနှိပ်၍ ၀င်ရောက်ပါ၊ အသင်းဝင်အဖြစ်မှတ်ပုံတင်လိုလျှင် Register အားနှိပ်ပါ။

Join the forum, it's quick and easy

ရာသက်ပန် ပရဟိတ၀ါသနာရှင်များအသင်း
မင်္ဂလာပါ ရာသက်ပန်ပရဟိတ၀ါသနာရှင်များအသင်းမှ လှိုက်လှဲစွာကြိုဆိုပါတယ်၊ အသင်းဝင်ဖြစ်ပါက log in အားနှိပ်၍ ၀င်ရောက်ပါ၊ အသင်းဝင်အဖြစ်မှတ်ပုံတင်လိုလျှင် Register အားနှိပ်ပါ။
ရာသက်ပန် ပရဟိတ၀ါသနာရှင်များအသင်း
Would you like to react to this message? Create an account in a few clicks or log in to continue.
Search
 
 

Display results as :
 


Rechercher Advanced Search

Affiliates

free forum

Forumotion on Facebook Forumotion on Twitter Forumotion on YouTube Forumotion on Google+

April 2024
MonTueWedThuFriSatSun
1234567
891011121314
15161718192021
22232425262728
2930     

Calendar Calendar


Android ဖုန်းတွေက Password , Pattern Lock, တွေမေ့သွားရင် ဖြေရှင်းပေးနိုင်တဲ့ နည်း

Go down

Android ဖုန်းတွေက Password , Pattern Lock, တွေမေ့သွားရင် ဖြေရှင်းပေးနိုင်တဲ့ နည်း Empty Android ဖုန်းတွေက Password , Pattern Lock, တွေမေ့သွားရင် ဖြေရှင်းပေးနိုင်တဲ့ နည်း

Post by aung nann winn Thu Sep 11, 2014 8:58 pm

Android ဖုန်းတွေက Password , Pattern Lock, တွေမေ့သွားရင် ဖြေရှင်းပေးနိုင်တဲ့ နည်း
Android Device တွေက Pattern Lock , Password တွေမေ့သွားလို့ မမှတ်မိတော့ဘူးဆိုရင် အလွယ်တကူ ဖြုတ်ပြစ်နိုင်ပါတယ်...

မိမိဖုန်း Setting မှ USB Debugging ကို Enable ပေးထားရပါ့မယ်.. ဒီအဆင့်ကို များသောအားဖြင့် Root ဖေါက်ထားတဲ့ ဖုန်းတိုင်း ON ထားတတ်ကြပါတယ်။ ဒါလေးကို Android ဖုန်းကိုင်သူတိုင်း On လုပ်ထားကြစေချင်ပါတယ်... ဖုန်းမှာ USB Debugging ကိုအမြဲ ဖွင့်ထားပါ။

USB Debugging ကို အောက်ပါအတိုင်း ဖွင့်ထားနိုင်ပါတယ်..။
Android Version 2.3.x တွေမှာဆိုရင် Setting > Application > Development ကတဆင့် USB debugging ကို Check လုပ်ပြီး On ထားနိုင်ပါတယ်။ ICS(4.0.x) နဲ့ Jelly Bean(4.1.x) တွေဆိုရင်တော့ Setting > Developer options ကတဆင့် USB debugging ကို On ထားနိုင်ပါတယ်... အကြောင်းအမျိုးမျိုးကြောင့် Firmware ကျသွားတာမျိုး ဒါမှမဟုတ် ခုလို Pattern Lock / Pin / Password Lock တစ်ခုခုကျသွားတဲ့ပြဿနာမျိုးကို ပြန်လည်ဖြေရှင်းတဲ့အခါ ဆိုင်သွားစရာမလိုပဲ ကိုယ်တိုင်ဖြေရှင်းလို့ရနိုင်မှာပါ..။
အရင်ဆုံး မိမိ ကွန်ပျူတာမှာ Driver ရှိရပါမယ်... လိုအပ်တဲ့ USB Driver တွေကို ဒီနေရာ ကတဆင့် သက်ဆိုင်ရာ Driver ကို ဒေါင်းယူပြီး Install လုပ်ပါ.. ။
ပြီးရင် ဒီ Shuame ဆိုတဲ့ Root Tool ကို ဒေါင်းယူ Install လုပ်ပါ..
(ဒီ Tool လေးက Root ဖေါက်နိုင်တဲ့အပြင် တခြား အသုံးဝင်တဲ့ Feature တွေလည်းအများကြီး လုပ်ဆောင်နိုင်ပါသေးတယ်.. Android Devices ကိုင်ဆောင်ထားတဲ့ သူတိုင်း ဆောင်ထားသင့်တဲ့ Root Tool လေးပါ)
လိုအပ်တဲ့ Driver လည်း Install ပြီးပြီ ဆိုရင် Shuame Root Tool ကို Run လိုက်ပါ... Pattern Lock,Password မေ့နေတဲ့ ဖုန်းကို USB Cable ကတဆင့် ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ... ကျန်တာတွေကိုတော့ အောက်က ပုံလေးတွေထဲအတိုင်း နံပါတ် အစဉ်လိုက် နှိပ်ပေးလိုက်ပါ..။


အားလုံးပြီးရင် Pattern Lock , Password မေ့နေတဲ့ ဖုန်းကို ကြိုက်သလို ဆွဲ လိုက်ပါ... ပြန်ပွင့်သွားပါပြီ..။

အပေါ်ကနည်းအတိုင်းပဲ PIN Password ကိုလည်း ဖြုတ်ပြစ်နိုင်ပါတယ်...။

ဒါကတော့ USB Debugging ကို ON မထားမိဘူး Root လည်းဖေါက်မထားတဲ့ Android Device တွေအတွက်ပါ.... အောက်က Tool လေးနဲ့ ဖြေရှင်းနိုင်ပါတယ်..။ မြန်မာ Developer ကို Psychist Naing Lynn ရေးထားတဲ့ Tool လေးပါ..။
USB Debugging On ထားစရာမလိုဘဲ ဖုန်းမှ Pattern Lock များကိုဖြုတ်နိုင်တဲ့ Tool လေးပါ... ဒီ Tool လေးကိုရေးသား ဖန်တီးသူကတော့ ကို Psychist Naing Lynn ဖြစ်ပါတယ်။ Samsung Ace,Huawei y511, g520 g525 auxv920 နဲ့ Huawei တော်တော်များများမှာစမ်းသပ်အောင်မြင်ထားတယ်လို့ဆိုပါတယ်။ ကျန်တဲ့ဖုန်းတော်တ်ာများများမှာလည်းအဆင်ပြေပါလိမ့်မယ်။
အသုံးပြုနည်းကတော့ ဖုန်းကို Recovery Mode ကို ဝင်ပါ.... USB Cabel မှ တဆင့် ကွန်ပျူတာနှင့်ချိတ်ပါ ...ပြီးရင် ဇစ်ဖိုင်ထဲက AndroidSystemTool .bat ကို Run ပါ။ Reboot ကျပြီးပြန်တက်လာရင် Pattern Lock ပျက်သွားပါပြီ .... ကွန်ပျူတာ, ဖုန်း တွေ မတူနိုင်တဲ့အတွက် တချို့ဖုန်းတွေမှာတော့ အဆင်ပြေချင်မှပြေပါလိမ့်မယ်။
>>>>>>>File Download<<<<<<
စမ်းကြည့်လိုက်တာ အဆင်ပြေလို့
ကိုဝင်းကမ္ဘာကျော် မှ မူရင်းတိုင်းပြန် Share ထားတာပါ
အားလုံးအဆင်ပြေပါစေ.......။

ကိုဥာဏ်မွန်
www,nyanmon.com

aung nann winn

နေရပ်လိပ်စာ နေရပ်လိပ်စာ : မကွေးတိုင်းဒေသကြီး၊တောင်တွင်းကြီးမြို့နယ်
Posts : 11
Join date : 2014-08-16
Age : 34

Character sheet
ပျော်ရွှင်ချမ်းမြေ့ပါစေ:
Android ဖုန်းတွေက Password , Pattern Lock, တွေမေ့သွားရင် ဖြေရှင်းပေးနိုင်တဲ့ နည်း Left_bar_bleue0/0Android ဖုန်းတွေက Password , Pattern Lock, တွေမေ့သွားရင် ဖြေရှင်းပေးနိုင်တဲ့ နည်း Empty_bar_bleue  (0/0)

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum