ရာသက်ပန် ပရဟိတ၀ါသနာရှင်များအသင်း
မင်္ဂလာပါ ရာသက်ပန်ပရဟိတ၀ါသနာရှင်များအသင်းမှ လှိုက်လှဲစွာကြိုဆိုပါတယ်၊ အသင်းဝင်ဖြစ်ပါက log in အားနှိပ်၍ ၀င်ရောက်ပါ၊ အသင်းဝင်အဖြစ်မှတ်ပုံတင်လိုလျှင် Register အားနှိပ်ပါ။
Search
 
 

Display results as :
 


Rechercher Advanced Search

Affiliates

free forum

Forumotion on Facebook Forumotion on Twitter Forumotion on YouTube Forumotion on Google+

August 2018
MonTueWedThuFriSatSun
  12345
6789101112
13141516171819
20212223242526
2728293031  

Calendar Calendar


ရာသက်ပန် ပရဟိတ အသင်း လှူဒါန်းမှုအစီအစဉ်များ

Go down

ရာသက်ပန် ပရဟိတ အသင်း လှူဒါန်းမှုအစီအစဉ်များ

Post by yarthetpan on Wed Aug 13, 2014 4:11 pm

“ လှူ ဒါန်းမှုအစီအစဉ်များ ”
ပုံမှန်လှူ  ဒါန်းမှုအစီအစဉ်


  • တစ်နှစ်လျှင် နှစ်ကြိမ် (ခြောက်လလျှင်တစ်ကြိမ်နှုန်း)ဖြင့် စုပေါင်းလှူ ဒါန်းသွားပါမည်၊


  • ပုံမှန်လှူ ဒါန်းမည့်လများမှာ နှစ်စဉ် “ဧပြီ” လ နှင့် “အောက်တိုဘာ” လတို့တွင် လှူ ဒါန်းသွားပါမည်၊


  • အသင်းသားတစ်ယောက်လျှင် ခြောက်လတစ်ကြိမ်လှူ ဒါန်းခြင်းအတွက် အနည်းဆုံး(တစ်သောင်း ကျပ်) ပါဝင်လှူ ဒါန်းသွားကြပါမည်၊ မိမိတို့၏စေတနာအလျောက်ထပ်မံထည့်ဝင်လှူ ဒါန်းနိုင်ပါသည်။


  • နှစ်ကြိမ်မလှူ ဒါန်းနိုင်ပါလျှင် မိမိနှစ်သက်ရာလတွင် တစ်ကြိမ်နှုန်းလှူ ဒါန်းနိုင်ပါသည်၊



ကြားဖြတ်လှူ ဒါန်းခြင်းအစီအစဉ်
- ကြားဖြတ်လှူ ဒါန်းရန် သတ်မှတ်သော အခြေအနေများမှာ-

  • ရေဘေး၊မီးဘေး၊သဘာဝဘေးအန္တရာယ်ဖြစ်ပွားခြင်းများ၊


  • ဗုဒ္ဓသာသာနှင့်ဆိုင်သော လှူ ဒါန်းရန်လိုအပ်မှုများ၊


  • အသင်းသားကိုယ်တိုင် (သို့) အသင်းသား၏ မိဘ၊ဇနီး/ခင်ပွန်း၊ သားသမီးတို့၏ အရေးပေါ်ဆေး ရုံ တက်ရောက် ကုခြင်းများ၊ သာရေး၊နာရေးကိစ္စများ၊

- ကြားဖြတ်လှူ ဒန်းရန်တွေ့ကြုံပါက တာဝန်ခံများသို့ ဆက်သွယ်အကြောင်းကြားပါ။
- တာဝန်ခံများမှ အသင်းသားများသို့ ဖုန်း၊မက်ဆေ့ များပေးပို့၍ အသိပေးဆော်သြပါမည်၊
- ကြားဖြတ်လှူ ဒါန်းခြင်းများအတွက် မိမိတို့စေတနာအလျောက် စုပေါင်းထည့်ဝင်လှူ ဒါန်းနိုင်ကြပါသည်၊

ပုံမှန်လှူ ဒါန်းမှုပုံစံမှာ-

  • တိုင်းဒေသကြီးနှင့်ပြည်နယ်များကို အလှည့်ကျစီ ပုံမှန်လှူ ဒါန်းသွားပါမည်၊


  • အလှည့်ကျ တိုင်းဒေသကြီး/ပြည်နယ်အတွင်းရှိ အသင်းဝင်များမှ လှူ ဒါန်းရန်လိုအပ်သော နေရာ များ အား အသိပေးအကြောင်းကြားရပါမည်၊


  • ရေဘေး၊မီးဘေး၊ သဘာဝဘေးအန္တရာယ်ကြုံတွေ့နေသော နေရာများသို့ ဦးစားပေးလှူ ဒါန်းပါမည်၊


  • အသိပေးလာသောနေရာများမှ အမှန်တကယ်လိုအပ်နေသောနေရာ ၊ အသင်းသားအားလုံး၏ ဆန္ဒဖြင့် ရွေးချယ်သောနေရာသို့ လှူ ဒါန်းသွာပါမည်၊


  • အလှည့်ကျ တိုင်း/ပြည်နယ် အတွင်းရှိ တာဝန်ယူလှူ ဒါန်းမည့်အသင်းသားများထံသို့ အသင်းဝင် များ မှ လှူ ဒါန်းငွေများကို “ဧပြီ” လနှင့် “အောက်တိုဘာ” လ တို့၏ (၃)ရက်နေ့အား နောက်ဆုံးထား၍ လွှပြောင်း လှူ ဒါန်း သွားပါမည်၊


  • အလှည့်ကျ တိုင်း/ပြည်နယ်တွင် တာဝန်ယူလှူ ဒါန်းနိုင်မည့်သူများမရှိပါက အခြားတာဝန်ယူလှူ ဒါန်း နိုင် မည့် ဒေသများသို့ လွှပြောင်းလှူ ဒါန်းသွားပါမည်၊


  • တာဝန်ယူလှူ ဒါန်းမည့် သူများသည် “ဧပြီ” လ နှင့် “အောက်တိုဘာလ” တို့၏ ပထမပတ် တနင်္ဂနွေနေ့ အားနောက်ဆုံးထားပြီး လှူ ဒါန်းသွားရပါမည်၊


  • မိမိတို့လှူ ဒါန်းမှုများအား မှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခြင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာများ၊ လှူ ဒါန်းမှု အသေးစိတ်တို့အား အသင်းတာဝန်ခံများ၊ အသင်းသားများထံသို့ (မပျက်မကွက်) ပေးပို့အသိပေးသွားကြရမည် ၊


  • မှတ်တမ်းတင်ဓါတ်ပုံများနှင့် လှူ ဒါန်းမှုအသေးစိတ်တို့အား website/facebook page တို့တွင် တင်ပေးခြင်း၊ viber ဖြင့် ပေးပို့ခြင်း တို့ဖြင့် အသိပေးသွာပါမည်၊


  • အသင်းလိုက်(သို့)တစ်ဦးချင်း ပရဟိတလှုပ်ရှားမှုများအား အသင်း website/facebook page တို့တွင် အသိပေးဖော်ပြနိုင်ပါသည်၊

- ပုံမှန်လှူ ဒါန်းခြင်း အတွက် အသိပေးနိုင်သောနေရာများမှာ --

  • ရေဘေး၊မီးဘေး၊သဘာဝဘေးအန္တရာယ်ကြုံတွေ့ရသော နေရာဒေသများ၊


  • ဆေးဝါးလှူ ဒါန်းကုသရန် အရေးပေါ်လိုအပ်နေသော နေရာများ၊


  • ရဟန်းသံဃာတော်များ ဆွမ်းရှားပါးအခက်အခဲဖြစ်နေသော နေရာဒေသများ


  • မိဘမဲ့ကဘေးစောက်ရှောက်ရေး လုပ်ငန်းများ


  • ပညာရေးအတွက် အခက်အခဲဖြစ်နေသော နေရာဒေသများ


  • ကိုယ်ထူကိုယ်ထ စာကြည့်တိုက်ထူထောင်းခြင်းများ


  • ရေပေးဝေခြင်း၊လျှပ်စစ်မီးလှူ ဒါန်းခြင်းများနှင့်


  • အခြားပရဟိတဆိုင်ရာလုပ်ငန်းများ အတွက်အသိပေးနိုင်ပါသည်။


ငွေပဒေသာပင်စိုက်ထူရန်အစီအစဉ်



  • အသင်းသားများသည် ဘဏ်များနှင့်ဆက်သွယ်သွားလာရန် လွယ်ကူသောနေရာဒေသဖြစ်ပါက နီး စပ် ရာ အသင်းဝင်များ စုပေါင်း၍ ဘဏ်စုစာအုပ်များဖြင့် လစဉ်ငွေပဒေသာပင်ထားရှိသွာပါမည်၊


  • Mobile Banking System (ဖုန်းဖြင်ငွေလွှဲပြောင်းခြင်း ဘဏ်စနစ်) များ အဆင်ပြေလာပါက လစဉ် ငွေပဒေသာပင် စုငွေများ ထားရှိလှူ ဒါန်းသွားကြပါမည်။
avatar
yarthetpan
Admin

Posts : 40
Join date : 2014-08-12
Age : 29

Character sheet
ပျော်ရွှင်ချမ်းမြေ့ပါစေ:
0/0  (0/0)

View user profile http://www.yarthetpan.forumotion.com

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum