ရာသက်ပန် ပရဟိတ၀ါသနာရှင်များအသင်း
မင်္ဂလာပါ ရာသက်ပန်ပရဟိတ၀ါသနာရှင်များအသင်းမှ လှိုက်လှဲစွာကြိုဆိုပါတယ်၊ အသင်းဝင်ဖြစ်ပါက log in အားနှိပ်၍ ၀င်ရောက်ပါ၊ အသင်းဝင်အဖြစ်မှတ်ပုံတင်လိုလျှင် Register အားနှိပ်ပါ။

Join the forum, it's quick and easy

ရာသက်ပန် ပရဟိတ၀ါသနာရှင်များအသင်း
မင်္ဂလာပါ ရာသက်ပန်ပရဟိတ၀ါသနာရှင်များအသင်းမှ လှိုက်လှဲစွာကြိုဆိုပါတယ်၊ အသင်းဝင်ဖြစ်ပါက log in အားနှိပ်၍ ၀င်ရောက်ပါ၊ အသင်းဝင်အဖြစ်မှတ်ပုံတင်လိုလျှင် Register အားနှိပ်ပါ။
ရာသက်ပန် ပရဟိတ၀ါသနာရှင်များအသင်း
Would you like to react to this message? Create an account in a few clicks or log in to continue.
Search
 
 

Display results as :
 


Rechercher Advanced Search

Affiliates

free forum

Forumotion on Facebook Forumotion on Twitter Forumotion on YouTube Forumotion on Google+

May 2024
MonTueWedThuFriSatSun
  12345
6789101112
13141516171819
20212223242526
2728293031  

Calendar Calendar


ကောင်မလေးတစ်ယောက်သင့်ကို မကြိုက်ရခြင်းအကြောင်းရင်းများ

Go down

ကောင်မလေးတစ်ယောက်သင့်ကို မကြိုက်ရခြင်းအကြောင်းရင်းများ Empty ကောင်မလေးတစ်ယောက်သင့်ကို မကြိုက်ရခြင်းအကြောင်းရင်းများ

Post by yarthetpan Sat Aug 16, 2014 8:54 am

မှားယွင်းမှု ( ၁ ) ။ ။ အလွန်အမင်း လူကောင်း လုပ်ပြခြင်း။



ဆွဲဆောင်မှုကောင်းတဲ့ ကောင်မလေးတွေဟာ လူကောင်းလေးတွေ ( သို့ )
လူလိမ်မာလေးတွေကို စိတ်မ၀င်စားကြဘူးဆိုတာ သိကြသလား....?? သတိထားမိမှာပါ။
သင့်မှာလဲ မိန်းကလေး သူငယ်ချင်း အလန်းလေးတွေရှိမှာပါ။ သူတို့ ဟာ
အကြောင်းကြောင်း ကြောင့် သင့်ကို စိတ်မ၀င်စားဘူး..... ။ ဒါဟာဘာ့ကြောင့်လဲ
? အဖြေက ရှင်းပါတယ်။ မိန်းကလေးတွေရဲ့  ရွေးချယ်မှုက သင်ဘယ်လောက်
သဘောကောင်းတယ် ဆိုတဲ့ အပေါ် အခြေမခံပါဘူး။ သူမ ကိုဆွဲဆောင်နိုင်တဲ့ သူ
သူမရဲ့ စိတ်ထဲမှာ ဘ၀င်ခိုက်သွားတဲ့ သူမျိုးကိုစိတ်ဝင်စားတာပါ။
သင်ဘယ်လောက်ကောင်းတယ်ဆိုတာက မိန်းကလေးတစ်ယောက်ကို မဆွဲဆောင်နိုင်ပါဘူး။
သင်အရမ်းကောင်းနေလို့ လဲ ကောင်မလေးက သင့်ကိုမရွေးချယ်ပါဘူး။





မှားယွင်းမှု ( ၂ ) ။ ။ ကောင်မလေးက သင့်ကို သဘောကျအောင် ကြိုးပမ်းခြင်း



ယောင်္ကျားလေးတော်တော်များများဟာ သူတို့ အရမ်းကြိုက်တဲ့ ကောင်မလေး (သူ
့ကိုစိတ်မ၀င်စားသေးတဲ့ ကောင်မလေး) နဲ့ တွေ့ ရင် ဘာလုပ်တတ်ကြသလဲ??
ဟုတ်ပါတယ်။ ကောင်မလေးက သဘောကျအောင် လုပ်ပြတတ် ကြပါတယ်။



ကောင်းပြီ။ ကျွန်တော် မိန်းကလေးတွေရဲ့ လျှို့ ဝှက်ချက်တစ်ခုပြောပြမယ်။



ဆွဲဆောင်မှုနဲ့ ပက်သက်လာရင် မိန်းကလေးတွေရဲ့  စိတ်ခံစားမှုကို
သင်ဘယ်တော့မှ ပြောင်းလဲလို့ မရပါဘူး။ ဘယ်တော့မှမရပါဘူး။ မိန်းကလေးတွေရဲ
့ခံစားချက်ကို သင့်ရဲ့  ဆင်ခြေတွေ အကြောင်းပြချက်တွေနဲ့ သိမ်းသွင်းလို
့မရပါဘူး။



စဉ်းစားကြည့်ပါ။ ကောင်မလေးက သင့်အပေါ် ခံစားချက်မရှိပါဘူး ဆိုတာကို
ကမ္ဘာပေါ်က ဘယ်လိုအကြောင်းပြချက်မျိုးနဲ့  သူမရဲ့  ခံစားချက်ကို
ပြောင်းလဲဖို့ ကြံစည်ထားပါသလဲ။ ဒါပေမယ့် ကျွန်တော်တို
့ယောင်္ကျားလေးတော်တော်များများ အဲလိုလုပ်တတ်ကြပါတယ်။



မိန်းကလေးတွေက စိတ်မ၀င်စားတဲ့ အခါ တောင်းပန်မယ်၊ အသနားခံမယ်၊ နောက်က
တကောက်ကောက်လိုက်မယ်၊ ကောင်မလေးများ စိတ်ပြောင်းလေမလားပေါ့။



bad idea ပါပဲ။ ဒါဟာ အလုပ်မဖြစ်ပါဘူး။





မှားယွင်းမှု ( ၃ ) ။ ။ မိန်းကလေးအား ခွင့်ပြုချက်တောင်းခံခြင်း



ကျွန်တော်တို့ ယောင်္ကျားလေးတွေဟာ တစ်ခုခုလုပ်တော့မယ်ဆိုရင်
မိန်းကလေးတွေကျေနပ်အောင် ၊ မျက်နှာကောင်းရအောင် သူတို့ ဆီက ခွင့်ပြုချက်
(သို့ ) ခွင့် တောင်းတတ်ကြပါတယ်။ ဒါဟာကြောက်စရာကောင်းလောက်အောင် ညံ့တဲ
့idea ပါ....။



မိန်းကလေးတွေဟာ သူတို့ နမ်းခွင့်ပြုမှ နမ်းတဲ့ ယောင်္ကျားမျိုးကို
ဘယ်တော့မှ မစွဲလမ်းကြပါဘူး။ ဒီလိုပြောလို့ တစ်လွဲမတွေးပါနဲ့ ဦး။
မိန်းကလေးတစ်ယောက် သင့်ကိုကြိုက်အောင် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံဖို
့လဲမလိုပါဘူး။ ကျွန်တော် ဆိုလိုတာက -- မိန်းကလေးတစ်ယောက်ကို
ကျေနပ်စေခြင်းဆိုတဲ့ အရာဟာ " သူမဆီက ခွင့်တောင်းခြင်း" လို့ သင်ထင်နေရင်
မှားပါတယ်လို့ ပြောတာပါ။ သူမဆီက ခွင့်တောင်းလို
့သင့်ကိုပိုစိတ်မ၀င်စားသွားပါဘူ

း။ သူမကိုစိတ်ရှုပ်စေပါတယ်။ ဘာလုပ်လုပ် သင့်ဆုံးဖြတ်ချက်နဲ့ လုပ်ပါ။



မိန်းကလေးတွေရဲ့ လျှို့ ဝှက်ချက် နောက်တစ်ခု----



မိန်းကလေးတွေဟာ သူတို့ ဆီက ခွင့်ပြုချက် ၊ ဆုံးဖြတ်ချက် တစ်ခုခု
တောင်းရင် အလွန် စိတ်ပျက် ၊ စိတ်ရှုပ်တတ်ပါတယ်။ သင်မယုံဘူးလား?
ကောင်မလေးသူငယ်ချင်း အလန်းလေးတစ်ယောက်ကိုခေါ် ၊ သူမကိုလိုက်နေတဲ့ ဘဲတွေထဲက
(အမြဲတမ်း ခွင့်ပြုချက် ၊ ဆုံးဖြတ်ချက် တောင်းနေတတ်တဲ့ ) ဘဲတစ်ကောင်ကို
သူမ ဘယ်လိုသဘောထားလဲ ... မေးကြည့်။





မှားယွင်းမှု ( ၄ ) ။ ။ မိန်းကလေးရဲ့ စိတ်ဝင်စားမှု ကို လက်ဆောင်ဖြင့် ၀ယ်ယူခြင်း



ကောင်မလေးတစ်ယောက်ကို အကောင်းစား အစားအစာတွေ လိုက်ကျွေးတယ်။



သူမ ကို ပန်းတွေ လက်ဆောင်တွေ ၀ယ်ပေးတယ်။



ပြီးတော့မှ သူမက သင့်ရဲ့ တစ်ဝက်လောက်တောင် မကောင်းတဲ့ 
ကောင်လေးတစ်ယောက်ကို ရွေးပြီး သင့်ကိုကျ ငြင်းလိုက်တယ်။ ဒါမျိုး သင်
ဘယ်နှခါ ခံခဲ့ ပြီးပြီလဲ?



ဒါမျိုကဖြစ်တတ်ပါတယ်။ သဘာဝပါပဲ။ ဟုတ်ပါတယ်။ ဒါဟာ သဘာဝ ပါပဲ။



သင် ဒါမျိုးတွေလုပ်တာဟာ သူမကို ဒီလိုပြောနေတာနဲ့အတူတူပါပဲ-----



"ငါဘာကောင်လဲ ဆိုတာကို နင်ကြိုက်မယ်မထင်ဘူး။ ဒီတော့ နင့်ရဲ့ အချစ်ကို
ငါဝယ်ဖို့ ကြိုးစားမယ်"



သင့်ရဲ့ သဘောမနော ကောင်းမှုတွေဟာ သူမကို နစ်နာကြေးပေးနေတာလို
့အထင်ရောက်စေပါတယ်။ သူမကို ကြိုးကိုင်ချယ်လှယ်ဖို့  ကြိုးစားနေတယ်လို့ 
အထင်ရောက်စေပါတယ်။



( သူများဆီက လက်ဆောင်များကိုသာ မျှော်လင့်နေသော၊ ကောင်လေးများကို
အချဉ်ဖမ်းနေသော ကောင်မလေးတွေလဲရှိပါတယ်။ အဲလိုအပေါစားတွေကို
သင်စိတ်မ၀င်စားဘူးထင်ပါတယ်။ အဲလိုအပေါစားကိုမှ လိုချင်ပါတယ်
ဆိုသောနွားလေးများ ကျွန်တော့ကိုဆက်သွယ်နိုင်ပါတယ်။ လိုက်နည်းပြောပြပါမယ်
)





မှားယွင်းမှု ( ၅ )။ ။ တွေ့ ပြီးသိပ်မကြာခင်မှာပဲ သင့်ရဲ့ ခံစားချက်ကို
ထုတ်ပြောခြင်း



ဒါလဲ ဖြစ်တတ်တဲ့ အမှားပါပဲ။ ဒီလိုရှိတယ် ။



ဆွဲဆောင်အားကောင်းတဲ့ ကောင်မလေး တွေ ဆိုတာ လူနည်းစု ပါ။ ပြီးတော့ သူတို
့ဟာ ယောင်္ကျားလေး တော်တော်များများရဲ့  စိတ်ဝင်စားမှုကို ရရှိထားပါတယ်။
ယောင်္ကျားလေးတွေ သတိမထားမိတာတစ်ခုရှိတယ်။ ဘာလဲဆိုတော့----
"ကောင်မလေးလှလှလေးတွေဟာ တစ်နည်းမဟုတ်တစ်နည်းနဲ့ ချဉ်းကပ် ခံနေရတယ်။
propose အလုပ်ခံနေရတယ်" ဆိုတဲ့ အချက်ပါ။ တစ်ချို့ အလန်းလေးတွေဆိုရင်
တစ်ရက်ထဲနဲ့ ကို ၁၀ ယောက်လောက် ဖုန်းလက်ခံပြောရတာတွေ၊ propose
အလုပ်ခံနေရတာတွေရှိပါတယ်။ တစ်လ၊ တစ်နှစ် ဆိုတဲ့ အချိန်နဲ
့ဆိုစဉ်းစားသာကြည့်။



ကဲ.....



သူတို့ က ကောင်လေးမျိုးစုံနဲ့ တွေ့ ဖူး ပြီးပြီ။



အမှန်ပဲ။ သူတို့ မှာ အတွေ့ အကြုံ ဆိုတာ ရှိသွားပြီ။



သူတို့ က သင် ဘယ်ခြေလှမ်းရင် ဘယ်ရောက်တော့မယ်ဆိုတာ ကြိုသိနေပြီ။



ဒီတော့...... တစ်ကြိမ်နှစ်ကြိမ်လောက် ဆုံပြီးတော့ "ငါမင်းကိုချစ်လိုက်တာ၊
ကြိုက်လိုက်တာ" လို့ ပြောတာဟာ ကောင်မလေးကို စိတ်ပျက်အောင်လုပ်တာ ၊
ထွက်ပြေးချင်စိတ်ပေါက်အောင်လုပ်တာနဲံ အတူတူပါပဲ။ ဒီလိုလုပ်ခြင်းအားဖြင့်
သင်ဟာ သင့်ကိုသင် မထိန်းချုပ်နိုင်သူ ၊ သူမကိုလွယ်လွယ်ကြိုက်တတ်တဲ့ တခြား
ကောင်လေးတွေနဲ့  အတူတူပဲ လို့ အချက်ပြလိုက်တာပဲ။



ဒီတော့....အဲလိုမလုပ်ပါနဲ့ ။ ဖြည်းဖြည်းပေါ့။ ဒီ့ ထက်ကောင်းတဲ့
နည်းလမ်းတွေရှိပါတယ်။





မှားယွင်းမှု ( ၆ ) ။ ။ မိန်းကလေးကို မဆွဲဆောင်နိုင်ခြင်း



ဆွဲဆောင်မှုနဲ့ ပက်သက်ရင် မိန်းကလေးနဲ့ ယောင်္ကျားလေး
အများကြီးကွာခြားပါတယ်။ ဒီအချက်ကို သင်လက်ခံရပါမယ်။



ယောင်္ကျားတစ်ယောက်ဟာ ငယ်ရွယ်နုပျိုလှပတဲ့  မိန်းကလေးတစ်ယောက်ကိုတွေ့ တဲ
့အခါ ချက်ချင်းစိတ်ဝင်စားသွားနိုင်တယ်။ ကြိုက်သွားနိုင်တယ် ။



ဒါပေမယ့် မိန်းကလေး တွေလဲ အဲလိုမျိုးဖြစ်မယ်လို့  သင်ထင်လား?



သင့်ရဲ့ အသွင်အပြင် သက်သက် နဲ့  မိန်းကလေးတစ်ယောက်ကို ကျလောက်အောင်
ဆွဲဆောင်နိုင်မယ် ထင်လား?



မိန်းကလေးတစ်ယောက်ကို ကျလောက်အောင် ဆွဲဆောင်နိုင်ဖို့ ဆိုတာဟာ သင့်ရဲ
့အသွင်အပြင်ထက် တခြားအရာတွေ အပေါ်အများကြီးမူတည်ပါတယ်။



ပတ်ဝန်းကျင်မှာကြည့်လိုက်ပါ။



ကောင်မလေး အလန်းလေးတွေတွဲ နေတဲ့ ချစ်သူရည်းစားတွေဟာ မက်လောက်စရာ
ရုပ်ရည်မရှိတဲ့ သာမန် အသွင်အပြင်နဲ့  ကောင်လေးတွေပါပဲ။



ဘာ့ကြောင့်လဲ?? မိန်းကလေးတွေဟာ ယောင်္ကျားတွေရဲ့  အရည်အချင်း ၊ အရည်အသွေး
ကိုပိုပြီးစိတ်ဝင်စား ကြလို့ ဖြစ်ပါတယ်။သင့်ရဲ့ အသွင်အပြင် မဟုတ်ပါဘူး။
သူမကို ခံစားရအောင်၊ စိတ်ဝင်စားရအောင် ဘယ်လိုလုပ်လဲဆိုတာက
ပိုအရေးကြီးပါတယ်။ သင့်ရဲ့  body language ၊ စကားအပြောအဆို၊ ချဉ်းကပ်ပုံ
မှန်ကန်ဖို့ လိုပါတယ်။ ဒီလိုဆိုရင် မိန်းကလေးတစ်ယောက်ကို ဆွဲဆောင်ဖို
့မခက်တော့ပါဘူး။





မှားယွင်းမှု ( ၇ ) ။ ။ ရုပ်ရည်နဲ့ ပိုက်ဆံက အဓိက လို့ ထင်မှတ်ခြင်း



မိန်းမကိစ္စ နဲ့ ပက်သက်ရင် ယောင်္ကျားလေးတွေ အလုပ်တတ်ဆုံး အမှား နောက်တစ်ခုက
ဘာမှ မစရ သေးခင် အရှုံးပေးတတ်ကြတာပဲဖြစ်ပါတယ်။ ဘာလို့ လဲဆိုတော့
ကောင်မလေး လှလှလေးတွေဟာ ရုပ်ချော ၊ ပိုက်ဆံရှိတဲ့ ကောင်လေးမျိုး ကိုမှ
ကြွေတယ်လို့  ထင်တတ်ကြလို့ ပါပဲ။ ဒါမှမဟုတ် အရပ်မြင့်တဲ့ ကောင်လေး၊
သူမထက် ငယ်/ကြီး တဲ့ ကောင်လေး... စသည်ဖြင့်ပေါ့လေ။



ဟုတ်တော့ဟုတ်ပါတယ်လေ။ ဒါမျိုး စံ တွေနဲ့ တိုင်းပြီးမှ ကြိုက်တတ်တဲ
့မိန်းကလေးမျိုး အနည်းငယ်ရှိပါတယ်။ ဒါပေမယ့် မိန်းကလေးအများစုကတော့
ယောင်္ကျားတွေရဲ့ ရုပ်ရည်တွေ၊ ပိုက်ဆံတွေထက် -- အဲဒီယောင်္ကျားလေးရဲ့ 
personality ကို ပိုပြီးစိတ်ဝင်စားကြပါတယ်။



မိန်းကလေးတစ်ယောက်ကို ဆက်ဆံပုံ၊ ချဉ်းကပ်ပုံ မမှန်ရင် အဲဒီယောင်္ကျား
ဘယ်လောက်ချောချော၊ ဘယ်လောက်ချမ်းသာပါစေ -- အလကားပါပဲ။ ဒါကြောင့် သင်ဟာ
ရုပ်မချောဘူး၊ ပိုက်ဆံမရှိဘူး ဆိုပြီး စိတ်ပျက်နေဖို့ မလိုပါဘူး။



ထပ်ပြောပါရစေ။ မိန်းကလေးကို ပြောဆိုဆက်ဆံနည်း၊ ချဉ်းကပ်နည်းသာ မှန်ကန်ရင်
အဲဒီမိန်းကလေး သင့်ကိုစွဲ သွားအောင် သင်လုပ်နိုင်ပါတယ်။





မှားယွင်းမှု ( ၈ ) ။ ။ သင့်ရဲ့ လုပ်ပိုင်ခွင့်/ ဆုံးဖြတ်ချက်တွေကို
မိန်းကလေးအားလွှဲပေးခြင်း



စောစောက ပြောခဲ့ သလိုပဲ။ မိန်းကလေးတွေကို ခွင့်ပြုချက်တွေ ၊
သဘောထားတွေကို တောင်းဆိုနေရင် သင်မှားပါတယ်။ ယောင်္ကျားလေးတွေလုပ်တတ်တဲ
့အမှားနောက်တစ်ခုက သူတို့ ရဲ့ လုပ်ပိုင်ခွင့် နဲ့ ဆုံးဖြတ်ချက်တွေကို
မိန်းကလေး တွေကို ပေးလိုက်ခြင်းပါပဲ။



တစ်နည်းပြောရရင်-- ယောင်္ကျားတွေဟာ မိန်းမတစ်ယောက်ရဲ့ အချစ်ကိုရဖို့  သူမ
ပြောတာ/ သူမ လိုချင်တာကို လုပ်တတ်ကြတယ်။ bad idea ပါပဲ။



မှတ်ထားပါ။



မိန်းမတွေဟာ သူတို့ လိုသလို ခိုင်းလို့ ရနေတဲ့ ယောင်္ကျားတွေကို ဘယ်တော့မှ
မစွဲလမ်း ကြပါဘူး။





မှားယွင်းမှု ( ၉ ) ။ ။ မိန်းကလေးနဲ့ တွေ့ တဲ့ အချိန်တိုင်း
ဘာလုပ်ရမယ်မှန်း မသိခြင်း



သင်မသိသေးတာနောက်တစ်ခုက----



မိန်းလေးတွေဟာ အမြဲတမ်း သင်ဘာ စဉ်းစားနေလဲ ဆိုတာကိုသိကြတယ်။



body language ကို ဖတ်တဲ့ နေရာမှာ ကောင်မလေးတွေက ကောင်လေးတွေထက် ၁၀ ဆ
သာလွန်ပါတယ်။ ဒါကိုသင်ယုံချင်မှယုံလိမ့်မယ်။



ဥပမာ- သင်က ကောင်မလေးတစ်ယောက်နဲ့ အပြင်မှာ ချိန်းပြီး တွေ့ ကြတယ်
ဆိုပါတော့ ။ ပြီးတော့ သင်က သူမကိုနမ်းချင်လာတယ်။ အဲ.... အဲဒါကို သူမက
သိတယ်ဗျ။



ဒီတော့ သင်က ကောင်မလေး အနားကို ဘယ်လိုချဉ်းကပ်ရမယ်၊ ဘယ်လိုဆွဲဆောင်ရမယ်
ဆိုတာ မသိသရွေ့ တော့ သူမကို ငူငူကြီးထိုင်ကြည့် ပြီး ကြောက်လန်
့နေပေတော့။ စိတ်မပူပါနဲ့ ။ သူမကလဲ သင့်ကိုမကူညီနိုင်ပါဘူး
yarthetpan
yarthetpan
Admin

Posts : 40
Join date : 2014-08-12
Age : 35

Character sheet
ပျော်ရွှင်ချမ်းမြေ့ပါစေ:
ကောင်မလေးတစ်ယောက်သင့်ကို မကြိုက်ရခြင်းအကြောင်းရင်းများ Left_bar_bleue0/0ကောင်မလေးတစ်ယောက်သင့်ကို မကြိုက်ရခြင်းအကြောင်းရင်းများ Empty_bar_bleue  (0/0)

http://www.yarthetpan.forumotion.com

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum