ဓမ္မစာစုများစုစည်းမှု(၂)
ရာသက်ပန် ပရဟိတ၀ါသနာရှင်များအသင်း :: Your first category :: ဗုဒ္ဓဘာသာဆိုင်ရာဆွေးနွေးချက်များ :: မြတ်ဗုဒ္ဓ ၏ အဆုံးအမများ
Page 1 of 1
ဓမ္မစာစုများစုစည်းမှု(၂)
ဝိပဿနာ မှတ်စုများ (၁)
ဝိပဿနာ အားမထုတ်ပဲ၊နေ့ရွှေ့ ညရွှေ့ ရွှေ့နေတာသည် တဏှာက ဆင်ခြေပေးနေတာပဲ။
ရက်ရာဇာ၊ ပြဿဒါမရွှေးနဲ့၊ သူတော်ကောင်းအလုပ်၊ လုပ်တဲ့အချိန်သည်၊ မင်္ဂလာရှိသော နေ့ရက်ဆိုတာမှတ်။
အလကားနေသ၍၊ အအားနေသ၍ ၊ အမှားနေခြင်းလို့မှတ်။
အသက်ကြီးလေ၊ ကံမွဲ ၊ ဉာဏ်မွဲလေမှတ်၊ ကံမွဲတာက အရေးမကြီးဘူး၊ ဉာဏ်မွဲရင် နိဗ္ဗာန်မရောက်နိုင်။အိုရာမှ နာရာမရောက်ခင် ၀ိပဿနာလုပ်ပါ။
(မိုးကုတ်ဆရာတော်ဘုရားကြီး)
အမှန်ချမ်းသာရေး
အတိတ်ကိုလည်း မပြန်နဲ့။
အနာဂါတ်ကိုလည်း မကြံနဲ့။
ပစ္စုပ္ပန် တည့်တည့်ထား။
အတိတ်ပြန်တော့ ဒေါသဖြစ်တယ်။
အနာဂါတ်ကြံတော့ လောဘဖြစ်တယ်။ဒါကြောင့်........
ပစ္စုပ္ပန်ကာလသည်သာ အရေးကြီးတာ။
ဝိပဿနာ လုပ်တဲ့အခါမှာလည်း ပစ္စုပ္ပန်ရောက်တဲ့ အချိန်သာ ရောင့်ရဲတင်းတိမ်မယ်ဆိုရင် အမှန်ချမ်းသာမယ်။
(စွန်းလွန်ဆရာတော်ကြီး)
ကိုယ့်ကိုယ်ကိုယ် သုတေသနပြုခြင်း
"၀ိပဿနာ အားထုတ်တယ်" ဆိုတာ "ငါ ဘာလဲ" လို့ သိအောင်လုပ်တာပဲ။
(ရွှေတောင်ကုန်း သာသနာ့ရိပ်သာ ဆရာတော်ကြီး)
ဝိပဿနာဆိုတာ
ဝိပဿနာဆိုတာ အမှန်ကို ထိုးထွင်းသိမြင်အောင် အားထုတ်တာ၊ ရှု့ကြည့်မှတ်သားတာ ဖြစ်တယ်။ အရာအားလုံးရဲ့ ပကတိသဘောမှန်ကို ရှိရင်းစွဲအတိုင်း သိမြင်ဖို့ ရှု့ကြည့်တာဖြစ်တယ်။ ၀ိပဿနာဟာ မိမိကိုယ်ကို လက်တွေ့ကျကျ၊သိပ္ပံနည်းကျကျ ဂရုတစိုက် လေ့လာကြည့်ရှုတဲ့နည်း ဖြစ်တယ်။
ဝိပဿနာကျင့်ရင်
ဝိပဿနာ ကျင့်ခြင်းဖြင့် လောဘ၊ ဒေါသ၊ မောဟတွေချုပ်၊ ပူလောက်တဲ့ ကိလေသာ အညစ်အကြေးတွေ ကင်းစင်ပြီး ချမ်းသာတကာတို့ထက် သာလွန်တဲ့၊ ထူးကဲတဲ့လွတ်မြောက်မှု ချမ်းသာ "၀ိမုတ္တိ သုခ" ကို ရတယ်။
ဝိပဿနာရည်ရွယ်ချက်
ဝိပဿနာရှုတဲ့ ရည်ရွှယ်ချက်က.....
အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးပါကို ခန္ဓာဉာဏ်ရောက်သိဖို့။
ဖြစ်ပျက်ရုပ်နာမ် သဘောတရားကို ၀ိပဿနာ အလင်းဓါတ်နဲ့ သိဖို့။
လောဘ၊ ဒေါသ၊ မောဟ လျော့ပါးနည်းသွားပြီးလောကဓံ ခံနိုင်ရည်ရှိဖို့။
မသေမီ စိတ်နှလုံးချမ်းသာ နေထိုင်ရေးနှင့် သေတဲ့အခါ သေခြင်းတရားကို ရဲရဲရင်ဆိုင်ရေး။
အသေမြတ်ရေးတို့ပဲ ဖြစ်တယ်။
(ဆရာတော်ကြီး အရှင်သေဋ္ဌိလ)
လူမျိုးဘာသာမရွေး
အာနာပါန ရှုမှတ်ခြင်းဟာ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာများ အားသစ် ဖြစ်ထွန်းစေပြီး ဉာဏ်ပညာထက်မြက်စေလိုခြင်းကြောင့် ဖြစ်တယ်။ အာနာပါန ရှုမှတ်ခြင်းဟာ လူမျိုးမရွေး၊ ဘာသာမရွေး၊ လူသားတိုင်း၊ ဘာသာတိုင်း လုပ်နိုင်တဲ့ကိစ္စ ဖြစ်တယ်။
(သဒ္ဓမ္မရံသီရိပ်သာ ဆရာတော်ကြီးအဖြေ)
ဘာလုပ်သင့်သလဲ
ကိုယ့်ကိုယ်ကိုယ် သနားရင် ၀ိပဿနာလုပ်ကြ၊ ကိုယ့်ကိုယ်ကိုယ် မသနားရင် သားမယားအလုပ် လုပ်ကြ။
( မိုးကုတ်ဆရာတော်ကြီး)
သုတေသီ ဘုန်းမြင့်သွေး ၏ "ဆရာတော်ကြီး (၁၀၈) ပါး၏ ၀ိပဿနာမှတ်စုများ" စာအုပ်မှ ကူးယူဖော်ပြပါသည်။

Permissions in this forum:
You cannot reply to topics in this forum
Tue Sep 23, 2014 2:57 pm by သီဟစိုး
» ဖြေကြည့်ပေးပါလား........??????????
Tue Sep 23, 2014 1:52 pm by suesha
» မျက်စိအတွက်လေ့ကျင့်ခန်း
Sun Sep 14, 2014 8:55 pm by yarthetpan
» တရားတော်ဆိုင်ရာ ၀က်ဆိုဒ်များ
Sun Sep 14, 2014 8:51 pm by yarthetpan
» မျက်စိ ကျန်းမာရေးအတွက် ပြုလုပ်သင့်သည့် အချက် ၉ ချက်
Fri Sep 12, 2014 2:43 pm by soehtetkyaw
» Android ဖုန်းတွေက Password , Pattern Lock, တွေမေ့သွားရင် ဖြေရှင်းပေးနိုင်တဲ့ နည်း
Thu Sep 11, 2014 8:58 pm by aung nann winn
» ဝမ်းဗိုက်အဆီ လျော့ကျစေမည့်နည်း ၉ သွယ်
Thu Sep 11, 2014 6:38 pm by aung nann winn
» Viber ကို PC မှာ မြန်မာလိုကောင်းမွန်စွာအသုံးပြုနိုင်ပါပြီ။
Thu Sep 11, 2014 5:16 pm by aung nann winn
» ဖုန်းတွေကိုမြန်မာဖောင့်ထည့်နည်း
Thu Sep 11, 2014 4:27 pm by aung nann winn