ရာသက်ပန် ပရဟိတ၀ါသနာရှင်များအသင်း
မင်္ဂလာပါ ရာသက်ပန်ပရဟိတ၀ါသနာရှင်များအသင်းမှ လှိုက်လှဲစွာကြိုဆိုပါတယ်၊ အသင်းဝင်ဖြစ်ပါက log in အားနှိပ်၍ ၀င်ရောက်ပါ၊ အသင်းဝင်အဖြစ်မှတ်ပုံတင်လိုလျှင် Register အားနှိပ်ပါ။

Join the forum, it's quick and easy

ရာသက်ပန် ပရဟိတ၀ါသနာရှင်များအသင်း
မင်္ဂလာပါ ရာသက်ပန်ပရဟိတ၀ါသနာရှင်များအသင်းမှ လှိုက်လှဲစွာကြိုဆိုပါတယ်၊ အသင်းဝင်ဖြစ်ပါက log in အားနှိပ်၍ ၀င်ရောက်ပါ၊ အသင်းဝင်အဖြစ်မှတ်ပုံတင်လိုလျှင် Register အားနှိပ်ပါ။
ရာသက်ပန် ပရဟိတ၀ါသနာရှင်များအသင်း
Would you like to react to this message? Create an account in a few clicks or log in to continue.
Search
 
 

Display results as :
 


Rechercher Advanced Search

Affiliates

free forum

Forumotion on Facebook Forumotion on Twitter Forumotion on YouTube Forumotion on Google+

April 2024
MonTueWedThuFriSatSun
1234567
891011121314
15161718192021
22232425262728
2930     

Calendar Calendar


အင်္ဂလိပ်စာနှင့်ပါတ်သက်လို့သိကောင်းစာရာများကိုတင်ပြပေးလိုက်ပါတယ်

Go down

အင်္ဂလိပ်စာနှင့်ပါတ်သက်လို့သိကောင်းစာရာများကိုတင်ပြပေးလိုက်ပါတယ် Empty အင်္ဂလိပ်စာနှင့်ပါတ်သက်လို့သိကောင်းစာရာများကိုတင်ပြပေးလိုက်ပါတယ်

Post by romeoofjuliet Mon Aug 25, 2014 6:05 pm




မကြာသေးမီက ချစ်သူနှင့် အဆက်ဖြတ်ခဲ့ပြီး စိတ်ညစ်နေတဲ့အကြောင်းကို အင်္ဂလိပ်စကားကို အမိဘာသာစကားအဖြစ် ပြောသော သင့်သူငယ်ချင်းနဲ့ပြောနေရင်းမှ သူက ရုတ်တရက် သင့်ဘက်လှည့်ပြီး "စိတ်မပူပါနဲ့ကွာ၊ သူ့လိုမျိုးမိန်းကလေးတွေက (၁၀) ဆင့်ကို (၁၂)ယောက်တောင်ရတယ် (a dime a dozen)" လို့ ပြောလာတဲ့ အခါ သင့်အနေဖြင့် သူ့ကို စိတ်ရှုပ်ထွေးစွာနဲ့ စိုက်ကြည့်မိမှာ မလွဲပါ။ သင်မြတ်မြတ်နိုးနိုးနဲ့ ချစ်ခဲ့ရတဲ့ မိန်းကလေးကို ဘာကြောင့် သင့်သူငယ်ချင်းက (၁) ဒေါ်လာ (၂၀)ဆင့်နဲ့ တန်ဖိုးဖြတ်သလဲဆိုတာကို သင် လုံးဝ နားမလည်နိုင်မည် မဟုတ်ပါ။


တကယ်တော့ "a dime a dozen" ရဲ့ အဓိပ္ပါယ်သည် စကားစုထဲမှာပါတဲ့ စကားလုံးတစ်လုံးစီရဲ့ မူလ အဓိပ္ပါယ်တွေနဲ့ နည်းနည်းလေးတောင်မှ မနီးစပ်ပါ။ အင်္ဂလိပ်စကားကို မိခင်ဘာသာစကားအဖြစ် ပြောသူများ အတွက် "a dime a dozen" ရဲ့ အဓိပ္ပါယ်ကတော့ "တစ်စုံတစ်ခုသည် ပေါများပြီး အလွယ်တကူ ရရှိနိုင်တယ်" ဖြစ်ပါတယ်။ "a dime a dozen" လိုပဲ စကားစုပါစာလုံးတစ်လုံးစီရဲ့ မူရင်းအဓိပ္ပါယ်ကို ကြည့်ပြီး ဆိုလိုရင်း အဓိပ္ပါယ်ကို ဖော်လို့မရတဲ့ စကားစုတွေကို ဓလေ့သုံးစကား (idiom) လို့ ခေါ်ပါတယ်။ အင်္ဂလိပ်စကားဟာ မိခင် ဘာသာစကားမဟုတ်သောသူများအနေနဲ့ကတော့ အီဒီယမ်တွေကို နားလည်နိုင်ဖို့ဆိုရင် native speaker ရဲ့ အမြင်ဖြင့် ဖော်ပြထားတဲ့ ၄င်းတို့၏ အဓိပ္ပါယ်ကို အလွတ်ကျက်မှတ်ဖို့ပဲ ဖြစ်ပါတယ်။ အောက်တွင် အများဆုံး အသုံးများသော အင်္ဂလိပ်အီဒီယမ် (၁၀) ခုနှင့် ၄င်းတို့၏ ဆိုလိုရင်း အဓိပ္ပါယ်တို့ကို ဖော်ပြလိုက်ပါတယ်။


1. Piece of cake (အလွယ်လေးပါ)

တစ်စုံတစ်ခုဟာ "piece of cake" ဖြစ်တယ်လို့ ပြောခြင်းသည် အဆိုပါအရာဟာ နူးညံ့တဲ့ ကြက်ဥပေါင်မုန့်ပါလို့ ပြောတာမဟုတ်ပါဘူး။ ၄င်းစကားစု၏ ဆိုလိုရင်းအဓိပ္ပါယ်ကတော့ တစ်စုံတစ်ခုသည် "လုပ်ဆောင်ရန် အလွန်မှ လွယ်ကူသည် ဖြစ်ပါတယ်။

Example sentences:

No problem. When you know what you're doing, it's a piece of cake.
Rescuing frightened cats is my speciality. Piece of cake!


2. Costs an arm and leg (နင့်နေအောင်ပေးရသည်)

ထူးခြားပြီး ပြောင်လက်နေတဲ့ Louis Vuitton တံဆိပ် ပိုက်ဆံအိတ် တစ်လုံးဝယ်လို့ "costs an arm and leg" ကိုယ့်ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေကို ဖြတ်ပေးရတယ်လို့ တိုက်ရိုက် အဓိပ္ပါယ်ကောက်ရင်တော့ ကျွန်ုပ်တို့နေထိုင်တဲ့ ကမ္ဘာကြီးဟာ ထူးဆန်းနေမှာပေါ့။ တစ်စုံတစ်ရာရဲ့ တန်ဖိုးဟာ လက်တစ်ဖက်နဲ့ ခြေတစ်ဖက်ဖြစ်တယ်လို့ ပြောတာဟာ ထိုအရာသည် အလွန်တန်ဖိုးကြီးတယ်လို့ ပြောတာဖြစ်ပါတယ်။

Example sentences:

The trip to Paris is going to cost me an arm and a leg. I’ll have to save up for it!
Buying a brand new car is going to cost us an arm and a leg. We should save money by riding a bike or taking the bus to work.

3. Break a leg (ကံကောင်းပါစေ)

ခြေထောက်နဲ့ပတ်သက်တဲ့ အီဒီယမ်နောက်တစ်ခုဖြစ်ပါတယ်။ သင် အလွန်ကြောက်တဲ့ ကဲကုလသင်္ချာ (calculus) စာမေးပွဲကို ဖြေရခါနီး အချိန်ဖြစ်ပါတယ်။ စာမေးပွဲခန်းထဲကို မ၀င်မီ သင့်သူငယ်ချင်းက "Break a leg" လို့ စာလှမ်းပို့လိုက်ပါတယ်။ "သူငယ်ချင်းဟာ ဘာကြောင့် ငါ့အပေါ် ဒီလိုဆန္ဒပြုရတာလဲ။ တို့အချင်းချင်း ပြေလည်တယ်လို့ ထင်နေတာ။" လို့ သင်တွေးကောင်း တွေးနေမှာပါ။ တကယ်တော့ စာဖြေခန်းထဲမှာရှိတဲ့ သင့်နေရာကို သွားရင်းနဲ့ သင့်ခြေထောက်ကျိုး သွားဖို့ သူငယ်ချင်းက ဆုတောင်းပေးတာ မဟုတ်ပါဘူး။ Break a leg ရဲ့ အဓိပ္ပါယ်ကတော့ ကံကောင်းပါစေ လို့ ဆုတောင်းပေးခြင်းဖြစ်ပါတယ်။

Example sentences:

'Tonight's the first night of the play.' 'Is it? Well, break a leg!'
Let's all go and do our best. Break a leg!

4. Hit the books (စာလေ့လာခြင်း)

သင်ဟာ အင်္ဂလိပ်စကားပြောတဲ့ ပတ်ဝန်းကျင်မှာနေတဲ့ ကျောင်းသား တစ်ယောက်ဆိုရင်တော့ ဒီအီဒီယမ်ကို အများကြီးကြားရမှာ ဖြစ်ပါ တယ်။ Hit the books လို့ ပြောသံကြားတဲ့အခါ ကျောင်းသားတွေဟာ စာကြည့်တိုက်ထဲကို ပြေးသွားပြီး ရှိတ်စပီးယား ရဲ့ စာပေအရေးအသားအားလုံးကို ကန်လိုက်ကြ၊ လက်သီးနဲ့ထိုးလိုက်ကြ၊ နပန်းလုံးကြ၊ လုပ်နေတာဖြစ်မှာပဲလို့ မထင်လိုက်ပါနဲ့။ တကယ်တော့ hit the books ဆိုတာကတော့ စာလေ့လာ ကျက်မှတ်ခြင်း လို့အဓိပ္ပါယ်ရပါတယ်။

Example sentences:

I gotta go home and hit the books. I have finals next week.
I can't go out tonight. I've got to hit the books.


5. Let the cat out of the bag (လျှို့ဝှက်ချက်ကို ဖွင့်ပြောခြင်း)

တစ်စုံတစ်ယောက်ဟာ ဘာကြောင့်များ သူ့ကြောင်ကို အိတ်ထဲထည့်ရမှာလဲ? ကြောင်က သူ့ကို ဘာများလုပ်မိလို့လဲ? တကယ်တော့ Let the cat out of the bag ရဲ့ ဆိုလိုရင်း အဓိပ္ပါယ်ဟာ လျှို့ဝှက်ထားရမဲ့ အကြောင်းအရာတစ်ခုခုကို ဖွင့်ပြောခြင်း ပဲဖြစ်ပါတယ်။ ဒါကြောင့် နောက်တစ်ခါ Let the cat out of the bag ဆိုတဲ့ စကားကို ကြားရင် ယောင်ပြီး တိရစ္ဆာန်များကာကွယ်စောင့်ရှောက်ရေးဌာန ကို ဖုန်း လှမ်းမဆက်မိပါစေနဲ့။

Example sentences:

I was trying to keep the party a secret, but Mel went and let the cat out of the bag.
Don't forget that this is a secret, so whatever you do, don't let the cat out of the bag.


6. Hit the nail on the head (ထိရောက်မှန်ကန်စွာပြောဆိုခြင်း)

ဒီစကားအသုံးအနှုန်းရဲ့ အဓိပ္ပါယ်ကတော့ အကြောင်းတစ်စုံတစ်ရာနဲ့ ပတ်သက်လို့ ထိထိရောက်ရောက်နဲ့ တိကျမှန်ကန်စွာ ပြောခြင်းပဲ ဖြစ်ပါတယ်။ ဒါကို နားမလည်ဘူးဆိုရင်တော့ သံတစ်ချောင်းကို တူနဲ့ ရိုက်တဲ့အခါ တစ်ချက်တည်းနဲ့ ထိထိမိမိကွက်တိရိုက်နိုင်လိုက်တဲ့ အခါ ဖြစ်ပေါ်လာတဲ့ ခံစားချက်ကို တွေးကြည့်လိုက်ပါ။

Example sentences:

Bob doesn't say much, but every now and then he hits the nail right on the head.
You really hit the nail on the head when you said that Gina needs to stop worrying about making mistakes when she speaks English.

7. When pigs fly (ဘယ်တော့မှ မဖြစ်နိုင်ပါ)

ဝက်တွေပျံတာ သင်မြင်ဘူးပါလား? လုံးဝပဲ။ ကျွန်ုပ်လည်းပဲ မမြင်ဘူးပါ။ တကယ်တော့ ဒီ when pigs fly ဆိုတဲ့ စကားစုရဲ့ ဆိုလိုရင်း အဓိပ္ပါယ်ကတော့ ပန်းရောင်ဝက်ကလေးတွေက နေမင်းကြီးဆီကို ပျံတက်သွားတာဟာ မဖြစ်နိုင်သလိုပဲ အကြောင်းအရာတစ်ခုခုဟာ ဘယ်သောအခါမှ မဖြစ်နိုင်ပါ လို့ ပြောခြင်းဖြစ်ပါတယ်။

Example sentences:

'Do you think Mary will quit her job now that she's pregnant?' 'Yeah, when pigs fly! There is no way she is giving up her career!'
He is so ugly. I will agree to go on a date with him when pigs fly!


8. You can't judge a book by its cover (ပြောင်ပြောင်မြင်တိုင်းရွှေမထင်နှင့်)

စာအုပ်ရဲ့ အဖုံးကို သင် သဘောမကျတာနဲ့ မဖတ်လိုက်ရတဲ့ စာအုပ်ကောင်းတွေ ဘယ်နှစ်အုပ်လောက်ရှိမယ်လို့ ထင်ပါသလဲ? ဒီအီဒီယမ်က စာအုပ်တွေနဲ့သာမက အရာအားလုံးနဲ့ပတ်သက်ပြီးတော့လည်း အများအားဖြင့် အသုံးပြုနိုင်ပါတယ်။ ဆိုလိုရင်းကတော့ တစ်ခုခုကို အပြင်ပန်းလက္ခဏာကိုပဲကြည့်ပြီး မဆုံးဖြတ်ပါနဲ့ လို့ဆိုလိုတာဖြစ်ပါ တယ်။

Example sentences:

She doesn't look very intelligent, but you can't judge a book by its cover.
That professor may seem slow and awkward, but don't judge a book by its cover. He is one of the brightest minds in his field.


9. Bite off more than you can chew (မနိုင်ဝန်ထမ်းခြင်း)

သင့်အကြိုက်ဆုံးစားသောက်ဆိုင်တစ်ခုမှာ စားပွဲထိုးက သင့်အတွက် အရသာအရှိဆုံးနဲ့ အကြီးဆုံး ဟင်ဘာဂါကြီးလာချပေးတယ်ဆိုပါစို့။ သင်ကလည်း ဆာလွန်းလို့ အဲဒီ hamburger ကြီးကို အလျင်စလိုနဲ့ အကြီးကြီး ကိုက်စားလိုက်တယ်။ ကံမကောင်းချင်တော့လည်း သင် ကိုက်လိုက်တဲ့ hamburger တစ်ကိုက်ဟာ ကြီးလွန်းလို့ မနင်အောင် ကြိုးစားရင်း ရေသောက်ချနေရတဲ့ သင့်ပုံစံဟာ ရယ်စရာကြီးဖြစ်နေပါတယ်။ ဒီဥပမာကတော့ ဒီအီဒီယမ်ရဲ့ အဓိပ္ပါယ်ကို ရိုးရှင်းစွာ ဖော်ပြ တာဖြစ်ပါတယ်။ တကယ်တော့ bite off more than you can chew ဆိုတာကတော့ မနိုင်ဝန်ထမ်းခြင်း/သင်လုပ်နိုင်တာထက်ပိုသော တာဝန်ကို ကြိုးစားလုပ်ကိုင်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။

Example sentences:

Don't bite off more than you can chew. Let someone else organize the party.
I went skiing last weekend and I went down the most difficult hill first. I bit off more than I could chew.


10. Scratch someone's back (အပြန်အလှန်အပေးအယူလုပ်ခြင်း)

သင့်နောက်ကျောက ယားနေတဲ့နေရာလေးကို ကိုယ့်လက်နဲ့ ကိုယ်တိုင်ကုတ်ဖို့ရာ ဘယ်လောက်ခက်တယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒါကြောင့် ဘာဖြစ်လို့ ကြုံရာလူတစ်ယောက်ရဲ့ နောက်ကျောကို ကုတ်ပေးရမှာလဲ? ဘာကြောင့်လဲဆိုတော့ သူ့ကို သင်ကုတ် ပေးရင် သင်လိုအပ်တဲ့အခါ သင့်ရဲ့ နောက်ကျောကို သူက လိုလားစွာနဲ့ ကုတ်ပေးမှာဖြစ်လို့ပါပဲ။ ဒီအီဒီယမ်နဲ့ တကယ့် အဓိပ္ပါယ် ကတော့ ကိုယ်လိုအပ်တဲ့အချိန်မှာ ကိုယ်ကူညီထားတဲ့ သူက ကိုယ့်ကို ပြန်ကူညီမှာပဲဆိုတဲ့ ယူဆချက်နဲ့ သူတစ်ပါးကို ကူညီခြင်း လို့ဆိုလိုပါတယ်။

Example sentences:

Don't worry, I will drive you to the airport tomorrow. You've scratched my back plenty of times.
If you do the cooking, I'll do the dishes. You scratch my back, I'll scratch yours.




romeoofjuliet
romeoofjuliet

နေရပ်လိပ်စာ နေရပ်လိပ်စာ : ညောင်ပင်သာယာကျေးရွာ၊မှော်ဘီမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး
Posts : 4
Join date : 2014-08-13
Age : 33

Character sheet
ပျော်ရွှင်ချမ်းမြေ့ပါစေ:
အင်္ဂလိပ်စာနှင့်ပါတ်သက်လို့သိကောင်းစာရာများကိုတင်ပြပေးလိုက်ပါတယ် Left_bar_bleue0/0အင်္ဂလိပ်စာနှင့်ပါတ်သက်လို့သိကောင်းစာရာများကိုတင်ပြပေးလိုက်ပါတယ် Empty_bar_bleue  (0/0)

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum