Taxi မောင်းသူတစ်ဦးထံမှရတဲ့ အသိပညာတစ်ခု (သန်းထိုက်)
Page 1 of 1

Taxi မောင်းသူတစ်ဦးထံမှရတဲ့ အသိပညာတစ်ခု
(သန်းထိုက်)
တစ်နေ့ ကျွန်တော် Taxi ငှားစီးခဲ့ပါတယ်။ Taxi မောင်းသူဟာအသက် ၃၀ ၀န်းကျင်လူငယ်လေးပါ။ ၀တ်စားထားတာလည်း T-Shirt အဖြူနဲ့ စတိုင်ပင်အနက်နဲ့ပါ။ နေကာမျက်မှန်လေးတပ်ထားပါတယ်။ မောင်းနေရင်း ဆီဆိုင်မှာ ဆီဝယ်ထည့်ခွင့်တောင်းပြီး ဆီဝင်ထည့်ပါတယ်။ ဆီထည့်ပြီးတော့ ပေးတဲ့ဘောင်ချာကို ဗလာစာအုပ်တစ်အုပ်မှာတွဲချုပ်ထားလိုက်ပါတယ်။ ကားပေါ်မှာအစုံပါလာသဗျာ..
ဒါနဲ့စကားတွေစမိလိုက်ပါတယ်ပေါ့..
အတိုချုပ်ပြောရရင် အဲ့ဒီ့ညီလေးဟာ ၀င်ငွေကို အချိုးချသုံးသူဆိုတာ အံ့ဖွယ်တွေ့လိုက်ရပါတယ်။ စာရင်းစာအုပ်ကလေးမှာ အသေးသုံး ၁၀၀ ကအစ ထည့်ရေးထားပါတယ်။ မသိသူဖတ်မိရင် ဘာတွေမှန်းတောင်မသိမှာပါ။ အကြောင်းအရာတွေကို ထိပ်ဆုံးစာမျက်နှာမှာ + လေးတွေနဲ့မာတိကာထုတ်ထားပါတယ်။ တစ်နေ့ခြင်းစာရင်းသွားပါတယ်။
ဥပမာ-
ထမင်းစား ဆိုတာက ပုံမှန်မဖြစ်နေအလုပ်မို့ +++ ပေးထားပါတယ်။ ဆီထည့်ဆိုရင်လည်း +++++ ငါးလုံးပေးထားပါတယ်။
လက်ဖက်ရည်သောက်၊ ကွမ်းစားတွေကိုတော့ ---- အနုတ်လေးလုံးပေးထားပြန်ပါတယ်။ ဒီလိုပဲ သူ့စာအုပ်မှာ + - တွေနဲ့မှတ်တမ်းရေးပါတယ်တဲ့။
ဗဟုသုတရစရာကတော့ မဖြစ်မနေကိစ္စအသုံးတွေကို + ပြပါတယ်။ အပိုသုံးအဖြုန်းတွေကို - ပြပါတယ်။ ညအိမ်ပြန်ရင် တစ်ရက်စာစာရင်းချုပ်လို့ အပေါင်းကတော့ ပုံမှန်ရှိနေတတ်ပြီး -- တွေများလာရင် နောက်နေ့ အစားချေစနစ်နဲ့ အနုတ်တွေကိုညီအောင် မသုံးပဲနေပါတယ်တဲ့။
အတန်းကတော့ ၇ တန်းပဲသင်ဖူးပါတယ်တဲ့ဗျာ။ စာ၇င်းထားတာနဲ့ တွက်တာ Account သမားတွေဆလံသရပါလိမ့်မယ်။
တစ်နေ့ဝင်ငွေကိုလည်း သီးသန့် ကော်လံနဲ့တွက်ထားသဗျာ
၁၅၀၀၀ ၀င်တဲ့ပေါ့ဗျာ
- အ၀တ်ပွန်းခ ၅၀၀
- အသက်ရှင်ကြေး ၁၀၀၀
- အချိန်ကုန်ခ ၅၀၀၀
ဒီသုံးခုကို သီးသန့်ပြန်စုထားပါတယ်တဲ့ တစ်နေ့ကို ၆၅၀၀ မရမနေပြန်စုပါတယ်တဲ့။ မပြည့်ရင် + တွေ - တွေကိုအစားချေပါတယ်တဲ့
သန်းထိုက် လိုလူတောင် ထိုင်ကန်တော့ချင်စိတ်ပေါက်မိသွားပါတယ်။
ဆက်ပြောသည်မှာ အ၀တ်ပွန်းခ ၅၀၀ ကိုစုပြီး တစ်လတစ်ကြိမ်အ၀တ်ပြန်ဝယ်ပါတယ်။ အဟောင်းကိုအပေါင်ဆိုင်ပို့ပြီးမရွေးပဲထားလိုက်ပါတယ်တဲ့။ ရောင်းရင် ပေါင်သ
လောက်မလွယ်သလို တန်ဖိုးလည်းမရလို့ပါတဲ့။ သူ့မှာအ၀တ်အား ၅ စုံထက်ပိုမထားပါတဲ့။
အသက်ရှင်ကြေး ၁၀၀၀ ကိုစုပြီးတစ်လတစ်ခါ မိဘပြန်ပေးပါတယ်တဲ့။ သူတို့ကြောင့်အသက်ရှင်နေရလို့ပါတဲ့ဗျာ..
အချိန်ကုန်ခ ၅၀၀၀ ကိုတော့ နောက်ဆက်ရမယ့်အချိန်အတွက် ပြန်စုနေပါတယ်တဲ့ အရင်းအနှီးတစ်ခုရရင် ပြန်သုံးပါတယ်တဲ့။ ဒီကားက ကိုယ်ပိုင်ပါတဲ့ဗျာ
ဒါဆိုမင်းတွက်တဲ့အထဲပါ Owner ကြေးမတွေ့ပါလားလို့မေးတော့
နောက်တစ်စီးဝယ်ဖို့အတွက် ဆတူအရင်းဆိုတဲ့ ခေါင်းစဉ်မှာ သီးသန့်ထားပါသတဲ့..
အများကြီးပြောချင်ပါသေး၊ စာတစ်အုပ်ရေးလို့ရတယ်ဗျာ
အမှတ်တရ
သန်းထိုက်(ရွှေရိပ်)

Permissions in this forum:
You cannot reply to topics in this forum
Tue Sep 23, 2014 2:57 pm by သီဟစိုး
» ဖြေကြည့်ပေးပါလား........??????????
Tue Sep 23, 2014 1:52 pm by suesha
» မျက်စိအတွက်လေ့ကျင့်ခန်း
Sun Sep 14, 2014 8:55 pm by yarthetpan
» တရားတော်ဆိုင်ရာ ၀က်ဆိုဒ်များ
Sun Sep 14, 2014 8:51 pm by yarthetpan
» မျက်စိ ကျန်းမာရေးအတွက် ပြုလုပ်သင့်သည့် အချက် ၉ ချက်
Fri Sep 12, 2014 2:43 pm by soehtetkyaw
» Android ဖုန်းတွေက Password , Pattern Lock, တွေမေ့သွားရင် ဖြေရှင်းပေးနိုင်တဲ့ နည်း
Thu Sep 11, 2014 8:58 pm by aung nann winn
» ဝမ်းဗိုက်အဆီ လျော့ကျစေမည့်နည်း ၉ သွယ်
Thu Sep 11, 2014 6:38 pm by aung nann winn
» Viber ကို PC မှာ မြန်မာလိုကောင်းမွန်စွာအသုံးပြုနိုင်ပါပြီ။
Thu Sep 11, 2014 5:16 pm by aung nann winn
» ဖုန်းတွေကိုမြန်မာဖောင့်ထည့်နည်း
Thu Sep 11, 2014 4:27 pm by aung nann winn